Quran with Burmese translation - Surah Al-Ahzab ayat 26 - الأحزَاب - Page - Juz 21
﴿وَأَنزَلَ ٱلَّذِينَ ظَٰهَرُوهُم مِّنۡ أَهۡلِ ٱلۡكِتَٰبِ مِن صَيَاصِيهِمۡ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَ فَرِيقٗا تَقۡتُلُونَ وَتَأۡسِرُونَ فَرِيقٗا ﴾
[الأحزَاب: 26]
﴿وأنـزل الذين ظاهروهم من أهل الكتاب من صياصيهم وقذف في قلوبهم الرعب﴾ [الأحزَاب: 26]
Ba Sein ၂၆။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် ထိုမိစ္ဆာဒိဋ္ဌိတို့ကို အားပေးကူညီတိုက်ခိုက်သောကျမ်းတော်ရအမျိုးသားယဟူဒီ တို့အား ၎င်းတို့ခုခံတိုက်ခိုက်ရာ မြို့ရိုးခံတပ်ပေါ်မှ အောက်သို့ချတော်မူ၏၊ ထို့အပြင်ထိုယဟူဒီတို့၏ စိတ်နှလုံး အတွင်း၌ ပြင်းပြသောကြောက်လန့်တုန်လှုပ်ခြင်းကိုလည်း ဖြစ်စေတော်၏၊ သူတို့အနက် အချို့ကို သင်တို့ သတ်ဖြတ်ကြ၏၊ အချို့ကို လက်ရဖမ်းဆီးမိကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အားကူညီထောက်မခဲ့ကြကုန်သော ကျမ်းဂန်ရရှိသူတို့အား ၎င်းတို့၏ခံတပ်များမှ ထွက်စေတော်မူခဲ့သည့်ပြင် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်းတော်မူခဲ့ရာအသင်တို့သည် ၎င်းတို့အနက် လူတစ်စုကို သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူကား (သုံ့ပန်းများအဖြစ်) ဖမ်းဆီးချုပ်နှောင်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် သူတို့(ကာဖိရ် မဟာမိတ်များ)ကို ကူညီခဲ့ကြသော ကျမ်းဂန်ရရှိသူများအား သူတို့၏ခံတပ်များမှ ထွက်စေတော်မူခဲ့သည့်အပြင် သူတို့၏စိတ်နှလုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်းတော်မူခဲ့သည့်အတွက် အသင်တို့သည် သူတို့ထဲမှ လူတစ်စုအား သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူ (သုံ့ပန်းများအဖြစ်)ဖမ်းဆီးချုပ်နှောင်ကြသည်။ |