Quran with Burmese translation - Surah Al-Ahzab ayat 25 - الأحزَاب - Page - Juz 21
﴿وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُواْ بِغَيۡظِهِمۡ لَمۡ يَنَالُواْ خَيۡرٗاۚ وَكَفَى ٱللَّهُ ٱلۡمُؤۡمِنِينَ ٱلۡقِتَالَۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزٗا ﴾
[الأحزَاب: 25]
﴿ورد الله الذين كفروا بغيظهم لم ينالوا خيرا وكفى الله المؤمنين القتال﴾ [الأحزَاب: 25]
Ba Sein ၂၅။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား မိမိတို့၏ အမျက်ရန်ငြိုးအကျင့်ဆိုးနှင့်ပင် တွန်းလှန်ပစ်တော် မူ၏၊ သူတို့တစ်စုံတစ်ရာအကျိုးမခံစားရချေ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုအပ်သောဘေးရန်ကို ယုံကြည် သူတို့ထံမှ ဖယ်ရှားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့သည် မည်သည့် ကောင်းကျိုးကိုမျှ မရရှိခဲ့ကြဘဲ၊ ၎င်းတို့၏ အမျက်ဒေါသနှင့်တကွ ပြန်သွားစေတော်မူခဲ့၏။ ၎င်းပြင် စစ်မက်တိုက်ခိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ လုံလောက်တော်မူခဲ့၏။ စင်စစ်မှာကားအလ္လာဟ် အရှင်မြတ်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော၊ အလွန်တရာ လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား သူတို့သည် မည်သည့်အကျိုးမျှ မရရှိကြဘဲလျက် သူတို့၏ အမျက်ဒေါသများနှင့်တကွ ပြန်သွားစေတော်မူခဲ့သည်။* ထို့ပြင် စစ်တိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများအတွက် လုံလောက်တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားရှိတော်မူသော၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ |