﴿وَقَرۡنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجۡنَ تَبَرُّجَ ٱلۡجَٰهِلِيَّةِ ٱلۡأُولَىٰۖ وَأَقِمۡنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعۡنَ ٱللَّهَ وَرَسُولَهُۥٓۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُذۡهِبَ عَنكُمُ ٱلرِّجۡسَ أَهۡلَ ٱلۡبَيۡتِ وَيُطَهِّرَكُمۡ تَطۡهِيرٗا ﴾
[الأحزَاب: 33]
ထို့ပြင် (မလိုအပ်လျှင် အပြင်မထွက်ဘဲ) အသင်မတို့၏နေအိမ်များ၌ပင် အိမ်နေမြဲကြလော့။ ထို့ပြင် (အခြေအနေအရ လိုအပ်၍ အပြင်ထွက်ရလျှင်) ယခင် ဉာဏ်အလင်းမဲ့သောအမှောင်ခေတ်၏ဆွဲ ဆောင်နှစ် လိုဖွယ်ရာ ကြွားလုံးထုတ် လျှောက်လှမ်းမှုမျိုးဖြင့် မလျှောက်လှမ်းကြလေနှင့်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်၍၊ ဇကာသ် (တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့ကိုလည်း (ရှိသမျှအမိန့်တော်များနှင့်အညီ) နာခံလိုက်နာကြလော့။ အို၊ (ရစူလ်တမန်တော်၏) အိမ်တော်သူအိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးတော်မူရန်နှင့်သင်တို့အား ဖြူစင်သန့်ရှင်းမှုစစ်စစ်ဖြင့် ဖြူစင်သန့်ရှင်းစေတော်မူရန်သာ ဆန္ဒပြုတော်မူ၏။
ترجمة: وقرن في بيوتكن ولا تبرجن تبرج الجاهلية الأولى وأقمن الصلاة وآتين الزكاة, باللغة البورمية
﴿وقرن في بيوتكن ولا تبرجن تبرج الجاهلية الأولى وأقمن الصلاة وآتين الزكاة﴾ [الأحزَاب: 33]