Quran with Burmese translation - Surah Al-Ahzab ayat 32 - الأحزَاب - Page - Juz 22
﴿يَٰنِسَآءَ ٱلنَّبِيِّ لَسۡتُنَّ كَأَحَدٖ مِّنَ ٱلنِّسَآءِ إِنِ ٱتَّقَيۡتُنَّۚ فَلَا تَخۡضَعۡنَ بِٱلۡقَوۡلِ فَيَطۡمَعَ ٱلَّذِي فِي قَلۡبِهِۦ مَرَضٞ وَقُلۡنَ قَوۡلٗا مَّعۡرُوفٗا ﴾
[الأحزَاب: 32]
﴿يانساء النبي لستن كأحد من النساء إن اتقيتن فلا تخضعن بالقول فيطمع﴾ [الأحزَاب: 32]
Ba Sein ၃၂။ အို-တမန်တော်၏ ကြင်ယာအပေါင်းတို့၊ ရှင်မတို့သည် အခြားမိန်းမတို့နှင့်မတူချေ၊ အကယ်၍သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ္တရားတော်ကို ကျေပွန်အောင် ဆောင်လျှင် ပကတိအသံထက် သာယာနာပျော်နူးည့ံ သောအသံနှင့်စကားမပြောကြလင့်၊ သို့မပြောရခြင်းမှာ စိတ်နှလုံးတွင် မိစ္ဆာဝေဒနာမကင်းသူတို့သည် သင်တို့အား စိတ်ထားမဖောက်ပြန်၊ မကောင်းမကြံစေလိုခြင်းငှာဖြစ်၏၊ ထို့ကြောင့်စကားကို ပင်ကိုယ်အသံဖြင့် ရိုးရိုးသာ ပြောကြလော့။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော် အပေါင်းတို့၊ အသင်တို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အပြစ်မှကြဉ်ရှောင်ကြပါလျှင်အသင်တို့သည် စကား ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြကုန်လင့်။ သို့ရှိခဲ့ကြ ပါလျှင် စိတ်တွင်း၌ ရောဂါရှိသောသူသည်ရမ္မက် ထားရှိလာပေမည်။ သို့ရာတွင် အသင်တို့သည် ထုံးစံအတိုင်းသာလျှင် စကားပြောဆိုမှုကိုပြုကြလေကုန်၊ |
Hashim Tin Myint အို- တမန်တော်၏ကြင်ရာအပေါင်းတို့၊ အသင်မတို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြပေ။* သို့ဖြစ်ရာ အကယ်၍ အသင်မတို့သည် အပြစ်မှရှောင်ကြဉ်ကြလျှင် အသင်မတို့သည် စကားပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြနှင့်။ ထိုသို့ပြောဆိုမည်ဆိုလျှင် စိတ်တွင်း၌ရောဂါရှိသူသည် အလိုရမ္မက်ထားရှိကြလိမ့်မည်။ ထို့ပြင် အသင်မတို့သည် ကောင်းမွန်သောစကားကိုသာ ပြောဆိုကြပါ။ |