Quran with Burmese translation - Surah Al-Ahzab ayat 37 - الأحزَاب - Page - Juz 22
﴿وَإِذۡ تَقُولُ لِلَّذِيٓ أَنۡعَمَ ٱللَّهُ عَلَيۡهِ وَأَنۡعَمۡتَ عَلَيۡهِ أَمۡسِكۡ عَلَيۡكَ زَوۡجَكَ وَٱتَّقِ ٱللَّهَ وَتُخۡفِي فِي نَفۡسِكَ مَا ٱللَّهُ مُبۡدِيهِ وَتَخۡشَى ٱلنَّاسَ وَٱللَّهُ أَحَقُّ أَن تَخۡشَىٰهُۖ فَلَمَّا قَضَىٰ زَيۡدٞ مِّنۡهَا وَطَرٗا زَوَّجۡنَٰكَهَا لِكَيۡ لَا يَكُونَ عَلَى ٱلۡمُؤۡمِنِينَ حَرَجٞ فِيٓ أَزۡوَٰجِ أَدۡعِيَآئِهِمۡ إِذَا قَضَوۡاْ مِنۡهُنَّ وَطَرٗاۚ وَكَانَ أَمۡرُ ٱللَّهِ مَفۡعُولٗا ﴾
[الأحزَاب: 37]
﴿وإذ تقول للذي أنعم الله عليه وأنعمت عليه أمسك عليك زوجك واتق﴾ [الأحزَاب: 37]
Ba Sein ၃၇။ ထို့အပြင်အို-တမန်တော်၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်ကျေးဇူးပြုတော်မူ၏၊ သင်လည်း ကျေးဇူးပြု၏၊ ထိုသူအား သင်က သင်သည် မိမိမယားမိန်းမကို မကွာပဲ မိမိနှင့်အတူတကွထားလော့၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးလော့ဟု ဆုံးမသြဝါဒပေးသောအခါ အလ္လာဟ်အရှင်မြတ်ဖော်ထုတ်မည့်အမှုတစ်ခုကို သင်သည် မိမိ၏စိတ်နှလုံးတွင် လျှို့ဝှက်ဖုံးကွယ်ထား၏၊ ထိုသို့ဖုံးကွယ်ထားခြင်းမှာ သင်သည် လူအပေါင်းကဲ့ရဲ့ပြစ်တင် မည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏၊ သို့သော်သင်သည် အလ္လာဟ်အရှင်မြ်တ်ကို လူအပေါင်းထက် သာလွန် ကြောက်ရွ့ံထိုက်၏၊ ထို့ကြောင့်ဇိုက််ဒ်သည် မိမိ၏မယားကို တရားတော်အတိုင်း ကွာရှင်းပြီးသောအခါ ငါအရှင် မြတ်သည် ထိုမိန်းမကို သင်နှင့်ပင်ထိမ်းမြားလက်ထပ်ပေးအပ်တော်မူပြီ၊ ထိုသို့ထိမ်းမြားပေးတော်မူခြင်းအကြောင်း သည်ကား မိမိတို့မွေးစားသောကိတ္တိမသားတို့က တရားတော်အတိုင်းကွာရှင်းလိုက်သောမယားများကို အဘအရာ ဖြစ်သောမွေးစားသူတို့သည် သိမ်းပိုက်ရာ၌ အပြစ်တစ်စုံတစ်ရာမထိုက်ကြောင်းကို ပညတ်တော်မူရန်အလို့ငှာ ဖြစ်၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်သည် ပြည့်စုံရမည်သာတည်း။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ သတိရပါလေ) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ် သည်လည်းကောင်း၊ အသင်ကိုယ်တိုင်သည်လည်းကောင်း၊ ကျေးဇူးပြုခဲ့သောသူအား အသင်က အသင် သည် မိမိဇနီးကို (ကွာရှင်းခြင်းမပြုပဲ) မိမိထံ၌ပင် (တရားဝင်ဇနီးအဖြစ်) ထားရှိပါလေ။၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါလေ၊ ဟု ပြောဆို ဆုံးမလျက်ရှိခဲ့၏။ ထို့ပြင် အသင်သည်မိမိစိတ်တွင်းဝယ် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်၍ ထားလေ၏။အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို(နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်သာဖြစ်သည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား စိုးရိမ်လျက်ရှိခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အားသာလျှင် အသင်သည် ပိုမိုစိုးရိမ်ထိုက်၏။ ထို့နောက်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ ၎င်းတို့၏ မွေးစားသားများ၏ ဇနီးမိန်းမများနှင့် ပတ်သက်၍ ထိုမွေးစားသားများသည်၎င်းတို့အား အလိုမရှိတော့သည့်အခါ တစ်စုံတစ်ရာ ကျပ်တည်းမှုမရှိရန် ဇိုက်ဒ် သည် ထိုမိန်းမအားအလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ပေးတော်မူလိုက်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်မည်သာတည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သာမက အသင်(တမန်တော်)ကိုယ်တိုင်လည်း ကျေးဇူးပြုတော်မူခဲ့သည့်သူကို အသင်က “အသင်သည် အသင်၏ဇနီးကို(မကွာရှင်းဘဲ) အသင်၏ထံ၌သာ (တရားဝင်ဇနီးအဖြစ်နှင့်)ထားပါ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ“ဟု ပြောဆိုဆုံးမနေခဲ့သည်။ ထို့ပြင် အသင်(တမန်တော်)သည် အသင်၏စိတ်ထဲတွင် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်ပြီးထားသည်။ ထိုကိစ္စအား အလ္လာဟ်အရှင်မြတ်သည် (နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ပိုပြီးစိုးရိမ်ကြောက်ရွံ့ထိုက်ပါလျက်နှင့် အသင်သည် လူများအား စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ ထို့နောက် အီမာန်ယုံကြည်သူများအပေါ်တွင် သူတို့၏မွေးစားသားများ၏ဇနီးမိန်းမများနှင့်ပတ်သက်၍ ထိုမွေးစားသားများက သူမတို့အား အလိုမရှိကြတော့သည့်အခါ (သူမတို့အား လက်ထပ်ယူခြင်းဖြင့်) မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်စေရန် ဇိုင်ဒ်သည် ထိုမိန်းမကို အလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြားပေးတော်မူလိုက်သည်။ ထို့ပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်မည်ပင်ဖြစ်သည်။ |