Quran with Burmese translation - Surah Al-Ahzab ayat 38 - الأحزَاب - Page - Juz 22
﴿مَّا كَانَ عَلَى ٱلنَّبِيِّ مِنۡ حَرَجٖ فِيمَا فَرَضَ ٱللَّهُ لَهُۥۖ سُنَّةَ ٱللَّهِ فِي ٱلَّذِينَ خَلَوۡاْ مِن قَبۡلُۚ وَكَانَ أَمۡرُ ٱللَّهِ قَدَرٗا مَّقۡدُورًا ﴾
[الأحزَاب: 38]
﴿ما كان على النبي من حرج فيما فرض الله له سنة الله﴾ [الأحزَاب: 38]
| Ba Sein ၃၈။ အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူသာအမှုကို ပြုလုပ်သောကြောင့် တမန်တော်အပေါ်၌ အပြစ်အလျဉ်းမထိုက်ပေ၊ ရှေးလွန်လေပြီးသောတမန်တော်များကို အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင်ပြုကျင့်စေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်သည် မုချဧကန်ရှေးမဆွက ရည်မှတ်ထားသောပညတ်တော်တည်း။ |
| Hashim Tin Myint အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ပေါ်တွင် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုအမိန့်တော်အပေါ်တွင် မည်သည့်အရာမျှ အပြစ်တင်စရာမရှိပေ။ (ဤသည်) ယခင်က ကုန်လွန်ခဲ့သော ၎င်း(တမန်တော်)တို့နှင့်ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်းအတိုင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် စီမံထားသည့်အတိုင်း သတ်မှတ်ပြဋ္ဌာန်းပြီးသားဖြစ်သည်။ |