Quran with Burmese translation - Surah Al-Ahzab ayat 40 - الأحزَاب - Page - Juz 22
﴿مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا ﴾
[الأحزَاب: 40]
﴿ما كان محمد أبا أحد من رجالكم ولكن رسول الله وخاتم النبيين﴾ [الأحزَاب: 40]
Ba Sein ၄ဝ။ တမန်တော်မိုဟမ္မဒ်သည် သင်တို့အနက် တစ်စုံတစ်ယောက်သောသူ၏ အဘမဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ် ၏ တမန်တော်ဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (တမန်တော်)မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများထဲမှ မည်သူ၏ဖခင်မှ မဟုတ်ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်၏တမန်တော်နှင့် တမန်တော်အားလုံးကို အဆုံးသတ်သူ(နောက်ဆုံးတမန်တော်)* ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ |