×

လူတို့သည် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ အသင့်အား မေးမြန်းကြ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) ရှင်ပြန်ထမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ သိခြင်းသည်ကား အလ္လာဟ်အရှင်မြတ် 33:63 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:63) ayat 63 in Burmese

33:63 Surah Al-Ahzab ayat 63 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 63 - الأحزَاب - Page - Juz 22

﴿يَسۡـَٔلُكَ ٱلنَّاسُ عَنِ ٱلسَّاعَةِۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِۚ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ تَكُونُ قَرِيبًا ﴾
[الأحزَاب: 63]

လူတို့သည် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ အသင့်အား မေးမြန်းကြ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) ရှင်ပြန်ထမည့်အချိန်ကာလနှင့်စပ်လျဉ်း၍ သိခြင်းသည်ကား အလ္လာဟ်အရှင်မြတ် ထံတော်၌သာ ရှိ၏။ ထို့ပြင် ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်ကောင်းနီးကပ်လာပြီ ဖြစ်ကြောင်း (လူ တိုင်းသိသော်လည်း) အဘယ်အရာက အသင့်ကို နားလည်ပေးစေနိုင်မည်နည်း။” ဟု ဟောပြောလော့။

❮ Previous Next ❯

ترجمة: يسألك الناس عن الساعة قل إنما علمها عند الله وما يدريك لعل, باللغة البورمية

﴿يسألك الناس عن الساعة قل إنما علمها عند الله وما يدريك لعل﴾ [الأحزَاب: 63]

Ba Sein
၆၃။ အို-တမန်တော်၊ လူသားတို့သည် သင့်အား နေ့တော်ကြီးအဘယ်ခါ ဆိုက်ရောက်မည်နည်းဟု မေးကြ၏၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သာလျှင် ဤအကြောင်းကို သိတော်မူ၏၊ စင်စစ် အားဖြင့် ဤအကြောင်းကို အဘယ်မှာလျှင်သင်သိနိုင်မည်၊ သို့ရာတွင်ထိုအချိန်ကား အလွန်နီးကပ်ကောင်း နီးကပ်လိမ့်မည်။
Ghazi Mohammad Hashim
လူတို့သည် ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ အသင့်အား မေးမြန်းကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့၊)ယင်းကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်းသော အသိပညာကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ အသင်သည် အသို့လျှင် သိနိုင်ပါအံ့နည်း။ စင်စစ် ရှင်ပြန်ထမည့်အချိန် ကာလသည် နီးကပ်လျက် ရှိတန်ရာသည်။
Hashim Tin Myint
ကိယာမသ် ကမာ္ဘပျက်မည့်‌နေ့ ရှင်ပြန်ထမည့်‌နေ့နှင့်ပတ်သက်၍ လူများက အသင့်အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထို‌နေ့၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ အသင် မည်သို့ သိမည်နည်း၊ ထိုကိယာမသ်သည် နီး‌နေသည်လည်း ဖြစ်နိုင်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek