×

ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ယုံကြည်အပ်နှံမှုကြီး (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင်များ၊ မြေကမ္ဘာနှင့်တောင်များ၏ရှေ့ဝယ် ကမ်းလှမ်းတော်မူခဲ့ရာ ယင်းတို့သည် ထိုတာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်သွား၍ 33:72 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:72) ayat 72 in Burmese

33:72 Surah Al-Ahzab ayat 72 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 72 - الأحزَاب - Page - Juz 22

﴿إِنَّا عَرَضۡنَا ٱلۡأَمَانَةَ عَلَى ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلۡجِبَالِ فَأَبَيۡنَ أَن يَحۡمِلۡنَهَا وَأَشۡفَقۡنَ مِنۡهَا وَحَمَلَهَا ٱلۡإِنسَٰنُۖ إِنَّهُۥ كَانَ ظَلُومٗا جَهُولٗا ﴾
[الأحزَاب: 72]

ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ယုံကြည်အပ်နှံမှုကြီး (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင်များ၊ မြေကမ္ဘာနှင့်တောင်များ၏ရှေ့ဝယ် ကမ်းလှမ်းတော်မူခဲ့ရာ ယင်းတို့သည် ထိုတာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်သွား၍ (ယင်းကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းမရှိသဖြင့်) ယင်းမှ ကြောက်ရွံ့မှုကို ခံစားခဲ့ကြသော်လည်း လူသားမှာမူကား ယင်းတာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်ပင်၊ လူသားသည် (အရှင့် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့်) ထင်မြင်ယူဆချက်လွဲနေသူ အသိတရားကင်းမဲ့စွာ ကျင့်ဆောင်သူ ဖြစ်ပေ၏။

❮ Previous Next ❯

ترجمة: إنا عرضنا الأمانة على السموات والأرض والجبال فأبين أن يحملنها وأشفقن منها, باللغة البورمية

﴿إنا عرضنا الأمانة على السموات والأرض والجبال فأبين أن يحملنها وأشفقن منها﴾ [الأحزَاب: 72]

Ba Sein
၇၂။ ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုသော်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုသော်လည်းကောင်း၊ တောင်များကို သော်လည်းကောင်း၊ အာဏာဝတ်တရားကို အပ်တော်မူ၏၊ သို့သော်၎င်းတို့သည် ထိုတာဝန်ကြီးကို အလွန် ကြောက်ရွံ့လှသောကြောင့် လက်မခံငြင်းဆန်ကြ၏၊ လူသားက ထိုကြီးလေးသောတာဝန်ကြီးကို လက်ခံရ၏၊ ကြည့်ကြလော့၊ သူသည် ညှင်းပန်းနှိပ်စက်တတ်သောအာဏာရှင်သူရူးသူနှမ်းတစ်ယောက်ဖြစ်လာ၏။
Ghazi Mohammad Hashim
ဧကန်စင်စစ် ငါအရှင်မြတ်သည် အပ်နှံသော(ဤတာဝန်ကို မိုးကောင်းကင်များ ရှေ့ဝယ်လည်းကောင်း၊ပထဝီမြေ၏ရှေ့ဝယ်လည်းကောင်း၊ တောင်များ၏ရှေ့ဝယ်လည်းကောင်း၊ ဖော်ပြတော်မူခဲ့ရာ ၎င်းတို့သည် ယင်းတာဝန်ကိုငြင်းဆန်ခဲ့ကြကုန်၏။ ထို့ပြင် ယင်းတာဝန်ကို ထမ်းဆောင်ရန်ကြောက်ရွံ့စိုးရိမ်ခဲ့ ကြကုန်၏။ သို့ရာတွင် လူသားမှာမူကားယင်း တာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်အမှန် ထိုလူသားသည် လွန်စွာ ရက်စက်သူ၊ လွန်စွာ အသိတရားကင်းမဲ့သူပင်ဖြစ်ပေသည်။)
Hashim Tin Myint
အမှန်စင်စစ် ငါအရှင်မြတ်သည် တာဝန်‌ပေးအပ်မှုကို မိုး‌ကောင်းကင်များ‌ရှေ့၌၊ ၎င်းပြင် ‌မြေပထဝီ‌ရှေ့၌၊ ၎င်းပြင် ‌တောင်များ‌ရှေ့၌ ‌ဖော်ပြ‌တော်မူခဲ့သည့်အတွက် သူတို့က ထိုတာဝန်ကို တာဝန်ယူခြင်းမှ ငြင်းဆန်ခဲ့ကြသည်။ ထို့ပြင် ထိုတာဝန်ကို ထမ်း‌ဆောင်ရန် ‌ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည်။ ထို‌နောက် လူသားက ထိုတာဝန်ကို ထမ်း‌ဆောင်ခဲ့သည်။ အမှန်ပင် လူသားသည် အလွန်ရက်စက်သူ၊ အလွန်အသိတရား ‌ခေါင်းပါးသူပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek