Quran with Burmese translation - Surah FaTir ayat 24 - فَاطِر - Page - Juz 22
﴿إِنَّآ أَرۡسَلۡنَٰكَ بِٱلۡحَقِّ بَشِيرٗا وَنَذِيرٗاۚ وَإِن مِّنۡ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٞ ﴾
[فَاطِر: 24]
﴿إنا أرسلناك بالحق بشيرا ونذيرا وإن من أمة إلا خلا فيها نذير﴾ [فَاطِر: 24]
Ba Sein ၂၄။ စင်စစ်အားဖြင့် ငါအရှင်မြတ်သည် သင့်အား သမ္မာတရားတော်နှင့်တကွ ဝမ်းမြောက်ဝမ်းသာဖွယ်သတင်းယူ ဆောင်လာသူအဖြစ်ဖြင့်သော်လည်းကောင်း၊ စေလွှတ်တော်မူ၏၊ လောကဓာတ်တွင် တမန်တော်စေလွှတ်တော်မူ ခြင်းမခံရသောလူမျိုးဟူ၍ မရှိချေ။ |
Ghazi Mohammad Hashim ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားအမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ် သတင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော် သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင်စစ်သော်ကား သာသနာဝင်အုပ်စုတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာ ဖြစ်၏။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ်သတင်းကောင်းပေးသူ အဖြစ်နှင့် သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် သာသနာဝင်အုပ်စုတိုင်းတွင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်လာခဲ့သည်ပင်ဖြစ်သည်။ |