×

ငါအရှင်မြတ်သည် သူ (တမန်တော်မြတ်မုဟမ္မဒ်) အား ကဗျာလင်္ကာ (ရေးဖွဲ့ခြင်း) ကို သင်ကြားပို့ချတော်မူခဲ့သည် မဟုတ်သည့်အပြင် ကဗျာလင်္ကာသည် သူ့အတွက် အပ်စပ်လိုက်ဖက်သောအရာလည်း 36:69 Burmese translation

Quran infoBurmeseSurah Ya-Sin ⮕ (36:69) ayat 69 in Burmese

36:69 Surah Ya-Sin ayat 69 in Burmese (البورمية)

Quran with Burmese translation - Surah Ya-Sin ayat 69 - يسٓ - Page - Juz 23

﴿وَمَا عَلَّمۡنَٰهُ ٱلشِّعۡرَ وَمَا يَنۢبَغِي لَهُۥٓۚ إِنۡ هُوَ إِلَّا ذِكۡرٞ وَقُرۡءَانٞ مُّبِينٞ ﴾
[يسٓ: 69]

ငါအရှင်မြတ်သည် သူ (တမန်တော်မြတ်မုဟမ္မဒ်) အား ကဗျာလင်္ကာ (ရေးဖွဲ့ခြင်း) ကို သင်ကြားပို့ချတော်မူခဲ့သည် မဟုတ်သည့်အပြင် ကဗျာလင်္ကာသည် သူ့အတွက် အပ်စပ်လိုက်ဖက်သောအရာလည်း မ ဟုတ်ပေ။ (အရှင်မြတ်က တမန်တော်မြတ်ထံထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော) ထိုအရာသည်ကား ဆုံးမသြဝါဒများပါ ဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ထင်ရှားရှင်းလင်းသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وما علمناه الشعر وما ينبغي له إن هو إلا ذكر وقرآن مبين, باللغة البورمية

﴿وما علمناه الشعر وما ينبغي له إن هو إلا ذكر وقرآن مبين﴾ [يسٓ: 69]

Ba Sein
၆၉။ ငါသည် တမန်တော်မုဟမ္မဒ်အား လင်္ကာရေးအတတ်ပညာကို သင်ကြားပြသတော်မမူချေ၊ ထိုပညာသည် တမန်တော်နှင့် သင့်တင့်လျောက်ပတ်ခြင်းမရှိချေ၊ ဤကျမ်းတော်မြတ်ကား အခြားမဟုတ်၊ ဆုံမသြဝါဒဓမ္မနှင့် ကြေငြာထင်ရှားအဓိပ္ပါယ်နက်နဲလှသောကုရ်အာန်ဒေသနာတော်ကြီးသာတည်း။
Ghazi Mohammad Hashim
စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို (တမန်တော်မြတ်မုဟမ္မဒ်)အား လင်္ကာ (ဖွဲ့စပ်သီကုံးခြင်း)ကို သင်ကြားပို့ချ၍ ပေးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းပြင် ယင်းလင်္ကာ(စပ်ဆိုသီကုံးခြင်း)သည် ထို(တမန်တော်မြတ်)နှင့် အပ်စပ်သည်လည်းမဟုတ်ပေ။ ထို(တမန်တော်မြတ် ယူဆောင်လာသော) တရားဒေသနာမှာ ဆုံးမဩဝါဒနှင့် ထင်ရှားသော ကုရ်အာန်ကျမ်းမြတ်သာလျှင် ဖြစ်ပေသည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို ကဗျာသင်‌ပေးခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် ထိုကဗျာသည် ၎င်း(တမန်‌တော်)နှင့်လည်း မအပ်စပ်‌ပေ။ အမှန်စင်စစ် ထိုအရာသည် ဆုံးမဩဝါဒနှင့် ထင်ရှား‌သောကုရ်အာန်ကျမ်း‌တော်မြတ်ပင် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek