Quran with Burmese translation - Surah sad ayat 26 - صٓ - Page - Juz 23
﴿يَٰدَاوُۥدُ إِنَّا جَعَلۡنَٰكَ خَلِيفَةٗ فِي ٱلۡأَرۡضِ فَٱحۡكُم بَيۡنَ ٱلنَّاسِ بِٱلۡحَقِّ وَلَا تَتَّبِعِ ٱلۡهَوَىٰ فَيُضِلَّكَ عَن سَبِيلِ ٱللَّهِۚ إِنَّ ٱلَّذِينَ يَضِلُّونَ عَن سَبِيلِ ٱللَّهِ لَهُمۡ عَذَابٞ شَدِيدُۢ بِمَا نَسُواْ يَوۡمَ ٱلۡحِسَابِ ﴾
[صٓ: 26]
﴿ياداود إنا جعلناك خليفة في الأرض فاحكم بين الناس بالحق ولا تتبع﴾ [صٓ: 26]
Ba Sein ၂၆။ သူ့အား မိန့်တော်မူသည်မှာ အို-ဒါဝတ်(ဒ်)မှတ်သားလော့၊ ငါသည် သင့်အား ဤကမ္ဘာမြေပေါ်တွင် ငါ၏ ကိုယ်စားလှယ်တော်ရာထူူးဖြင့် ချီးမြှင့်ထားတော်မူပြီ၊ လူသားတို့အလယ်ကြား၌ တရားကို မှန်ကန်စွာဆုံးဖြတ် လော့၊ အလ္လာဟ်အရှင်မြတ်၏ သမ္မာတရားလမ်းတော်မှ သွေဖယ်သွားအောင် လှည့်ဖြားသောသင်၏ ရာဂ၊ ဒေါသစသောမကောင်းစိတ်ဆွဲငင်ရာ လိုက်ပါကျင့်မူခြင်းကို မပြုလင့်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လွဲချော်သွားသောသူတို့သည် တရားစစ်ကြောစီရင်တော်မူသောနေ့တော်ကြီးကို သတိမမူမေ့လျော့ နေကြသောကြောင့် အလွန်ပြင်းပြကြောက်မက်ဖွယ်အပြစ်ဒဏ်ကို ခံစားကြရလတ့ံ။ |
Ghazi Mohammad Hashim အို-"ဒါဝူဒ်"၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာမြေဝယ် ကိုယ်စားလှယ် ခန့်အပ်တော်မူခဲ့ပေရာ အသင်သည် လူတို့၏အကြား၌ မှန်ကန်စွာ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် စိတ်၏အလိုဆန္ဒကို မလိုက်စားလေနှင့်၊ သို့လိုက်စားခဲ့မူ ယင်းစိတ်၏အလိုဆန္ဒသည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှားစေပေလိမ့်မည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲမှားကြကုန်သောသူများ၌မူကား၊ ၎င်းတို့သည် စစ်ဆေးမေးမြန်းသောနေ့ကို မေ့လျော့ခဲ့ကြခြင်းကြောင့် ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။ |
Hashim Tin Myint အို- ဒါဝူဒ်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမာ္ဘပေါ်တွင် ကိုယ်စားလှယ် ခန့်အပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် လူများကြားတွင် မှန်ကန်စွာ ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် စိတ်ဆန္ဒနောက်ကို မလိုက်ပါနှင့်။ ထိုသို့လိုက်လျှင် ထိုစိတ်ဆန္ဒက အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ အသင့်ကို လွဲချော်စေလိမ့်မည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲချော်ကြသူများအတွက် သူတို့သည် စာရင်းစစ်မည့်နေ့ကို မေ့လျော့နေကြသည့်အတွက်ကြောင့် ပြင်းထန်သော ပြစ်ဒဏ်ရှိလိမ့်မည်။ |