Quran with Burmese translation - Surah sad ayat 71 - صٓ - Page - Juz 23
﴿إِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرٗا مِّن طِينٖ ﴾
[صٓ: 71]
﴿إذ قال ربك للملائكة إني خالق بشرا من طين﴾ [صٓ: 71]
Ba Sein ၇၁။ အို-တမန်တော်၊ သင်၏ အသက်သခင်ကျေးဇူးရှင်သည် ကောင်းကင်တမန်တော်မျာအား မိန့်တော်မူသည်မှာ အို-ကောင်းကင်တမန်အပေါင်းတို့၊ ကြည့်ကြလော့၊ ငါသည် လူသားကို ရွှံ့မြေမှ ဖန်ဆင်းတော်မူမည်ဖြစ်၏။ |
Ghazi Mohammad Hashim (ပြန်လည်အောက်မေ့ သတိရပါလေ)။ တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန့်ကြားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးအား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။ |
Hashim Tin Myint တစ်ခါက အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူသည်- အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးကို ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။ |