Quran with Burmese translation - Surah sad ayat 76 - صٓ - Page - Juz 23
﴿قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ ﴾
[صٓ: 76]
﴿قال أنا خير منه خلقتني من نار وخلقته من طين﴾ [صٓ: 76]
Ba Sein ၇၆။ အီဗလစ်(စ်)က တုံ့ပြန်လျှောက်သည်မှာ အို-အလ္လာဟ်အရှင်၊ အကျွနု်ပ်သည် လူသားထက်သာလွန်မြင့်မြတ်ပါ၏၊ အရှင်မြတ်သည် အကျွနု်ပ်ကို မီးမှ ဖန်ဆင်းတော်မူပါ၏၊ လူသားကို မြေစေးမှ ဖန်ဆင်းတော်မူပါ၏။ |
Ghazi Mohammad Hashim ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။ |
Hashim Tin Myint သူက ပြောသည်- ကျွန်ုပ်သည် လူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်အား မီးဖြင့် ဖန်ဆင်းတော်မူပြီး ၎င်းကို ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်။ |