×

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ အသင်သည် အရှင့် 39:2 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:2) ayat 2 in Burmese

39:2 Surah Az-Zumar ayat 2 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 2 - الزُّمَر - Page - Juz 23

﴿إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ فَٱعۡبُدِ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ ﴾
[الزُّمَر: 2]

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ အသင်သည် အရှင့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အား ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့ မှုအတွက်သာ သီးသန့်ဖြစ်စေလျက် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်လော့။

❮ Previous Next ❯

ترجمة: إنا أنـزلنا إليك الكتاب بالحق فاعبد الله مخلصا له الدين, باللغة البورمية

﴿إنا أنـزلنا إليك الكتاب بالحق فاعبد الله مخلصا له الدين﴾ [الزُّمَر: 2]

Ba Sein
၂။ အို-တမန်တော်မိုဟမ္မဒ်၊ မှတ်သားလော့၊ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်ကို အမှန်ချပေးသနားတော် မူ၏၊ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အားသာလျှင် ဝတ်ပြုလော့၊ အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ခြင်း သည် ဖြူစင်မှန်ကန်သောတရားဖြစ်၏။
Ghazi Mohammad Hashim
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်ထံသို့ ဤ(ကုရ်အာန်)ကျမ်းတော်မြတ်ကို တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့ရာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။
Hashim Tin Myint
စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ထံသို့ ဤကျမ်းကို တိကျမှန်ကန်စွာ ချ‌ပေး‌တော်မူသည့်အတွက် အသင်သည် ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေလျက် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek