Quran with Burmese translation - Surah Az-Zumar ayat 3 - الزُّمَر - Page - Juz 23
﴿أَلَا لِلَّهِ ٱلدِّينُ ٱلۡخَالِصُۚ وَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ مَا نَعۡبُدُهُمۡ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلۡفَىٰٓ إِنَّ ٱللَّهَ يَحۡكُمُ بَيۡنَهُمۡ فِي مَا هُمۡ فِيهِ يَخۡتَلِفُونَۗ إِنَّ ٱللَّهَ لَا يَهۡدِي مَنۡ هُوَ كَٰذِبٞ كَفَّارٞ ﴾
[الزُّمَر: 3]
﴿ألا لله الدين الخالص والذين اتخذوا من دونه أولياء ما نعبدهم إلا﴾ [الزُّمَر: 3]
Ba Sein ၃။ သန့်ရှင်းစင်ကြယ်သော ဘာသာအယူဝါဒမှာ အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ခြင်းဖြစ်၏၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းကို ရွေးကောက်သူတို့က အကျွနု်ပ် တို့သည် သူတို့ကို ဝတ်ပြုခြင်းမှာ သူတို့သည် အကျွနု်ပ်တို့အား အလ္လာဟ်အရှင်မြတ်သည် သူတို့အလည်ကြား တွင် သူတို့ကွဲလွဲမှုကို စစ်ကြောစီရင်တော်မူလတ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မုသားစကား ဆိုသူနှင့် ကျေးဇူးကန်းသူတို့ကို လမ်းပြတော်မမူချေ။ |
Ghazi Mohammad Hashim သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။ |
Hashim Tin Myint သတိပြုကြပါ။ သီးသန့်သက်သက်ဖြစ်သော ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အကြင်သူများသည် အရှင်မြတ်မှလွဲ၍ အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး (ဤသို့ ပြောဆိုကြသည်-) ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေရန်အတွက်သာ ကျွန်ုတို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့အချင်းချင်း ကွဲလွဲငြင်းခုံနေကြသည့်ကိစ္စနှင့်ပတ်သက်၍ သူတို့အကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန်ညွှန်ကြား ပြသတော်မူမည်မဟုတ်ပေ။ |