×

အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး (အသုံးအဝင်ဆုံး၊ လူ့သဘောသဘာဝနှင့်သဟဇာတအဖြစ်ဆုံး) သော အမိန့်ထုတ်ပြန်ချက်တော်များကို အချင်းချင်း တစ်ခုနှင့်တစ်ခု တစ်သမတ်တည်း ထောက်ခံသည့်ပုံစံဖြင့် အဖန်ဖန်တလဲလဲနှင့်အသေးစိတ်ရှင်းပြပါရှိစေလျက် ကျမ်းတော်အဖြစ် 39:23 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:23) ayat 23 in Burmese

39:23 Surah Az-Zumar ayat 23 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 23 - الزُّمَر - Page - Juz 23

﴿ٱللَّهُ نَزَّلَ أَحۡسَنَ ٱلۡحَدِيثِ كِتَٰبٗا مُّتَشَٰبِهٗا مَّثَانِيَ تَقۡشَعِرُّ مِنۡهُ جُلُودُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُمۡ ثُمَّ تَلِينُ جُلُودُهُمۡ وَقُلُوبُهُمۡ إِلَىٰ ذِكۡرِ ٱللَّهِۚ ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُۚ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٍ ﴾
[الزُّمَر: 23]

အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး (အသုံးအဝင်ဆုံး၊ လူ့သဘောသဘာဝနှင့်သဟဇာတအဖြစ်ဆုံး) သော အမိန့်ထုတ်ပြန်ချက်တော်များကို အချင်းချင်း တစ်ခုနှင့်တစ်ခု တစ်သမတ်တည်း ထောက်ခံသည့်ပုံစံဖြင့် အဖန်ဖန်တလဲလဲနှင့်အသေးစိတ်ရှင်းပြပါရှိစေလျက် ကျမ်းတော်အဖြစ် ချမှတ်ပေးအပ်တော်မူ၏။ ယင်း (အမိန့် ထုတ်ပြန်ချက်တော်များ) မှ အချို့ကို (နားထောင်း၍ နားလည်သဘောပေါက်သည့်အခါ ကြက်သီးမွေးညင်းထလျက်) အရေပြားများက တဆတ်ဆတ် တစစ်စစ် တုန်ယင်ကြောင်းကို ခံစားရသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟသည့်အခါတွင်မူ သူတို့၏အရေပြားများနှင့်နှလုံးသားများသည် သောကဖိစီးမှု လျော့ပါး၍ သက်သောင့်သက်သာဖြစ်လျက် တည်ငြိမ်အေးချမ်းလာကြ၏။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်တော် (ကျမ်းတော်မြတ်ကုရ်အာန်) သည် ယင်းအားဖြင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပြီး အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) လမ်းမှားရောက်စေရန် ခွင့်ပြုတော်မူသောသူသည်ကား သူ့အတွက် မည်သည့် လမ်း ညွှန်သူမျှ အလျှင်း ရှိမည်မဟုတ်ပေ။

❮ Previous Next ❯

ترجمة: الله نـزل أحسن الحديث كتابا متشابها مثاني تقشعر منه جلود الذين يخشون, باللغة البورمية

﴿الله نـزل أحسن الحديث كتابا متشابها مثاني تقشعر منه جلود الذين يخشون﴾ [الزُّمَر: 23]

Ba Sein
၂၃။ အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်နက်နဲသိမ်မွေ့သောဗျာဒိတ်တော်များပါရှိသည့် ကျမ်းမြတ်ကုရ်အာန် ကို ထုတ်ပြန်ပို့ချပေးသနားတော်မူပြီး ထိုကျမ်းတော်၌ ခြားနားခြင်းမရှိ၊ ညီညွတ်ခြင်းသာရှိ၏၊ ထိုကျမ်းတော်မြတ် သည် အောင်ဆုမင်္ဂလာတော်အကြောင်းနှင့် အပြစ်ဒဏ်တော်အကြောင်းကို နှစ်မျိုးနှစ်ဖုံယှဉ်တွဲ၍ ဖော်ပြထား၏၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာရသောအခါ မိမိတို့၏ ကျေးဇူးတော်သခင်ကို ကြောက်ရွံ့ရိုကျိုးသူတို့၏ အရေအသားတို့သည် ရိုးတွင်းခြင်ဆီစိမ့်မျှ ကြက်သီးမွေးညှင်းထ၍ လာကြကုန်၏၊ ထို့ကြောင့်သူတို့၏ စိတ်နှလုံး များသည် နူးည့ံသိမ်မွေ့လာ၍ ကုရ်အာန်ကျမး်တော်မြတ်ကို ယုံကြည်ကိုင်းရှိုင်းလာကြကုန်၏၊ အလ္လာဟ်အရှင် မြတ်၏ လမ်းပြတရားတော်သည် ထိုကဲ့သို့ဖြစ်၏၊ အရှင်မြတ်သည် လမ်းပြလိုတော်မူသောသူကို လမ်းပြတော် မူ၏၊ လမ်းမှားတွင် ပစ်ထားလိုတော်မူသောသူအတွက်မူကား လမ်းပြသူမရှိချေ။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို ကြားနာရသောကြောင့် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေသော သူတို့၏အသားအရေတို့မှာ ကြက်သီးမွေးညင်းထလာလေ၏။ ထို့နောက် ထိုသူတို့၏ အသားအရေများသည်လည်းကောင်း၊ ထိုသူတို့၏စိတ်နှလုံးများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရအံ့သောငှာ နူးညံ့သိမ်မွေ့ ပျော့ပျောင်း၍ လာလေတော့၏။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏တရားလမ်းညွှန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်တရားလမ်းညွှန်ဖြင့် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့အားမဆို လမ်းမှား၌ ရှိစေတော်မူပါလျှင် ထိုသူအား မည်သူတစ်ဦးတစ်ယောက်မျှပင် တရားလမ်းမှန်သို့ ပို့ဆောင်သူဟူ၍ မရှိတော့ပြီတကား။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး အာယသ်‌တော်၊ အချင်းချင်း တစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သည့်၊ အကြိမ်ကြိမ်မိန့်ကြားထား‌တော်မူ‌သော ကျမ်းတစ်‌စောင်ကို ချ‌ပေး‌တော်မူခဲ့သည်။ ထို အာယသ်‌တော်(ကို ကြားနာရသည့်)အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့ကြသည့်သူများ၏ အသားအ‌ရေများသည် ကြက်သီး‌မွေးညင်းထလာကြသည်။ ထို့‌နောက် သူတို့၏ အသားအ‌ရေများနှင့် စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန်အတွက် နူးညံ့‌ပျော့‌ပျောင်းလာ‌တော့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းညွှန်ပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုတရားလမ်းညွှန်နှင့် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ပင် ထား‌တော်မူလျှင် ထိုသူကို မည်သူမျှ တရားလမ်းမှန်သို့ ပို့‌ဆောင်မည့်သူ မရှိ‌တော့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek