×

သို့ဖြစ်ပေရာ (စကြဝဠာအတွင်းရှိ အရှင့်လက်ရာတော်များ၊ နိယာမတော်များနှင့်ကျေးဇူးတော်များကို စူးစမ်းလေ့လာ၍ သင်ခန်းစာရသည့်သူအား) အလ္လာဟ်အရှင်မြတ်သည် သူ့နှလုံးသားကို (အရှင့်အား ယုံ ကြည်အပ်နှံ၍ ငြိမ်းချမ်းရေးလိလားမှုအပေါ် 39:22 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:22) ayat 22 in Burmese

39:22 Surah Az-Zumar ayat 22 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 22 - الزُّمَر - Page - Juz 23

﴿أَفَمَن شَرَحَ ٱللَّهُ صَدۡرَهُۥ لِلۡإِسۡلَٰمِ فَهُوَ عَلَىٰ نُورٖ مِّن رَّبِّهِۦۚ فَوَيۡلٞ لِّلۡقَٰسِيَةِ قُلُوبُهُم مِّن ذِكۡرِ ٱللَّهِۚ أُوْلَٰٓئِكَ فِي ضَلَٰلٖ مُّبِينٍ ﴾
[الزُّمَر: 22]

သို့ဖြစ်ပေရာ (စကြဝဠာအတွင်းရှိ အရှင့်လက်ရာတော်များ၊ နိယာမတော်များနှင့်ကျေးဇူးတော်များကို စူးစမ်းလေ့လာ၍ သင်ခန်းစာရသည့်သူအား) အလ္လာဟ်အရှင်မြတ်သည် သူ့နှလုံးသားကို (အရှင့်အား ယုံ ကြည်အပ်နှံ၍ ငြိမ်းချမ်းရေးလိလားမှုအပေါ် အခြေခံထားသော) အစ္စလာမ်သာသနာအတွက် ကျယ်ဝန်းစေတော်မူမည်ဖြစ်ရာ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံမှဖြစ်သော အလင်းတော် (ကုရ်အာန်) ပေါ် ရပ်တည်သူဖြစ်လာ၏။ သို့ဖြစ်ပေရာ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းမှ ဝေးကွာလျက် သူတို့၏နှလုံးသားများမှာ ခက်ထန်မာကျောလာသည့် အတွက် ဒုက္ခလှလှ ကြုံတွေ့ရသူတို့ကဲ့သို့ ဖြစ်မည်လော။ စင်စစ်သော်ကား ထိုသူတို့သည် ထင်ရှားရှင်းလင်း သော လမ်းမှားမှု၌ပင် ရှိနေကြ၏။

❮ Previous Next ❯

ترجمة: أفمن شرح الله صدره للإسلام فهو على نور من ربه فويل للقاسية, باللغة البورمية

﴿أفمن شرح الله صدره للإسلام فهو على نور من ربه فويل للقاسية﴾ [الزُّمَر: 22]

Ba Sein
၂၂။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ စိတ်နှလုံးအား အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံရန် ကျယ်ဝန်းစေတော် မူသောသဒ္ဓါတရားကို ပေးတော်မူ၏၊ ထို့ကြောင့်ထိုသူသည် မိမိ၏ အရှင်သခင်ထံမှ လာသောအလင်းရောင်ခြည် တော်ကို လိုက်၏၊ ထိုသူသည် မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့နှင့် ထပ်တူထပ်မျှဖြစ်သလော၊ ထို့ကြောင့်အရှင်မြတ်ကို သတိမရ၊ မေ့လျော့နေအောင် စိတ်နှလုံးမာမြင်းသူတို့သည် ပျက်စီးဆုံးရှုံးကြရလတ့ံ၊ ဤကဲ့သို့သောသူတို့သည် ရှင်းူလင်းထင်ရှားသောမဟာအမှားကြီးတွင် နစ်မွန်းနေကြ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာတော်နှင့် စပ်လျဉ်း၍ ဖွင့်ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် မိမိအရှင်မြတ်အထံတော်မှ အလင်းပေါ်၌ လျှောက်သွားလျက်ရှိ၏။ (ထိုသူနှင့် စိတ်နှလုံးမာမြင်းသောသူသည် တူနိုင်ပါသလော)။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့၊ တသ၊ သတိရခြင်းမရှိဘဲ စိတ်နှလုံးမာမြင်းခဲယဉ်းလျက်ရှိသောသူတို့၌ ပျက်စီးခြင်းသည် ရှိပေသည်။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေကြကုန်သတည်း။
Hashim Tin Myint
ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာအတွက် ဖွင့်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ရှင်မြတ်၏‌ရောက်ခြည်‌ပေါ်တွင် ရှိ‌နေသည်။ (ထိုသူနှင့် စိတ်နှလုံးမာ‌ကျောခက်ထန်သည့်သူသည် တူညီနိုင်ပါသ‌လော)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်းမရှိဘဲ စိတ်နှလုံးမာ‌ကျောခက်ထန်‌နေသည့်သူများတွင် ပျက်စီးခြင်းရှိသည်။ သူတို့သည် ထင်ရှား‌သောလမ်းမှား၌ပင် ရှိ‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek