Quran with Burmese translation - Surah Az-Zumar ayat 26 - الزُّمَر - Page - Juz 23
﴿فَأَذَاقَهُمُ ٱللَّهُ ٱلۡخِزۡيَ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴾
[الزُّمَر: 26]
﴿فأذاقهم الله الخزي في الحياة الدنيا ولعذاب الآخرة أكبر لو كانوا يعلمون﴾ [الزُّمَر: 26]
Ba Sein ၂၆။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ဤဘဝ၌ ဂုဏ်အသရေသိမ်ဖျင်း၍ အောက်ကျနောက်ကျဖြစ်ခြင်း အရသာကို မြည်းစေတော်မူ၏၊ သို့သော်အမှန်မှာ နောင်တမလွန်ဘဝတွင် ခံစားရမည့်အပြစ်ဒဏ်တော်ကား သာလွန်ကြီးမားပြင်းပြလိမ့်မည်၊ သူတို့သိနားလည်လျှင် ကောင်းလေစွ။ |
Ghazi Mohammad Hashim တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်ရည် နိမ့်ကြခြင်း၏ရသာကို မြည်းစမ်းစေတော်မူခဲ့၏။ တမလွန်ဘဝ၏ ပြစ်ဒဏ်သည် အမှန်ပင် သာ၍ကြီးမားလေးလှပေသည်။ ၎င်းတို့သည်(ဤသည်ကို) သိကြပါလျှင် ကောင်းစွ။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤလောကီဘဝတွင် သေးသိမ်မှု၏အရသာကို မြည်းစမ်းစေတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပိုကြီးသည်၊ အကယ်၍ သူတို့ သိကြလျှင် ကောင်းလေစွ။ |