×

သူတို့သည် လူသားတို့၏ဥစ္စာပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို မမှန်မကန်ပြောဆိုပြုမူ၍ မတော်မတရား စားသုံးကြပြီး အတိုးစားခြင်း (အမြတ်ကြီးစားခြင်းနှင့်ခေါင်းပုံဖြတ်ခြင်းတို့) ကို (သူတို့၏အဓိက စီးပွားရေး ဦးတည်ချက်အဖြစ်) သတ်မှတ်ကျင့်သုံးခဲ့ခြင်းကြောင့် 4:161 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:161) ayat 161 in Burmese

4:161 Surah An-Nisa’ ayat 161 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 161 - النِّسَاء - Page - Juz 6

﴿وَأَخۡذِهِمُ ٱلرِّبَوٰاْ وَقَدۡ نُهُواْ عَنۡهُ وَأَكۡلِهِمۡ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ مِنۡهُمۡ عَذَابًا أَلِيمٗا ﴾
[النِّسَاء: 161]

သူတို့သည် လူသားတို့၏ဥစ္စာပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို မမှန်မကန်ပြောဆိုပြုမူ၍ မတော်မတရား စားသုံးကြပြီး အတိုးစားခြင်း (အမြတ်ကြီးစားခြင်းနှင့်ခေါင်းပုံဖြတ်ခြင်းတို့) ကို (သူတို့၏အဓိက စီးပွားရေး ဦးတည်ချက်အဖြစ်) သတ်မှတ်ကျင့်သုံးခဲ့ခြင်းကြောင့် ထိုသို့လုပ်ခြင်းမှ တားမြစ်ခြင်းခံခဲ့ရခြင်း ဖြစ်၏။ ထိုသူတို့ အနက်မှ (ထိုသို့ လူတို့၏ဂုတ်သွေးများကို စုပ်မျိုနေကြသော) မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် ငါအရှင်မြတ်သည် နာကျင်ဖွယ်ရာ စူးနစ်ပြင်းပြသောပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထား တော်မူ၏။

❮ Previous Next ❯

ترجمة: وأخذهم الربا وقد نهوا عنه وأكلهم أموال الناس بالباطل وأعتدنا للكافرين منهم, باللغة البورمية

﴿وأخذهم الربا وقد نهوا عنه وأكلهم أموال الناس بالباطل وأعتدنا للكافرين منهم﴾ [النِّسَاء: 161]

Ba Sein
၁၆၁။ အတိုးငွေစားခြင်းကို တားမြစ်ထားသော်လည်း သူတို့သည် အတိုးယူခြင်းကြောင့် သူတို့သည် သူတစ်ပါးတို့၏ ဥစ္စာစီးပွားများကို ဥပါယ်တမည်ဖြင့် စားသောက်ခြင်းကြောင့် ငါသည် သူတို့အနက် မယုံကြည်သူတို့အတွက် အလွန်နာကျင်ဘွယ်သောအပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
Hashim Tin Myint
ထို့ပြင် သူတို့၏အတိုးယူမှု‌ကြောင့်၊ အမှန်မှာ သူတို့သည် (အတိုးစားခြင်းကို)တားမြစ်ခြင်းခံခဲ့ရပြီးဖြစ်သည်၊ ၎င်းပြင် သူတစ်ပါး၏ပစ္စည်းဥစ္စာကို မတရားနည်းနှင့် စားသုံးမှု‌ကြောင့် (ထိုသန့်ပြန့်‌ကောင်းမွန်သည့်အရာများကိုလည်း တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ ငြင်းပယ်သူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek