Quran with Burmese translation - Surah An-Nisa’ ayat 26 - النِّسَاء - Page - Juz 5
﴿يُرِيدُ ٱللَّهُ لِيُبَيِّنَ لَكُمۡ وَيَهۡدِيَكُمۡ سُنَنَ ٱلَّذِينَ مِن قَبۡلِكُمۡ وَيَتُوبَ عَلَيۡكُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[النِّسَاء: 26]
﴿يريد الله ليبين لكم ويهديكم سنن الذين من قبلكم ويتوب عليكم والله﴾ [النِّسَاء: 26]
Ba Sein ၂၆။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သင်တို့မဖြစ်ထွန်းမီ ဖြစ်ပေါ်လာသော ရှေးလူဟောင်းတို့၏ ဥပမာများကိုဆောင်၍ သွန်သင်တော်မူ၏။ နည်းပြလမ်းညွှန် အလင်းပြန်တော်မူ၏။ သင်တို့ဘက်သို့ သနားကြင်နာခြင်းဖြင့် ရှုစားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သိမြင်တော်မူသော၊ ဉာဏ်ပညာ ရှိတော်မူသောအသျှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ရှင်းလင်းပြသတော်မူရန်အတွက်နှင့် အသင်တို့မတိုင်မီက ရှိခဲ့ကြသောသူတို့၏နည်းလမ်းများကို ပြသတော်မူရန်အပြင် အသင်တို့ဘက်ကို (သနားကရုဏာတော်နှင့်) လှည့်တော်မူရန်အတွက် ရည်ရွယ်တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |