×

သင်တို့အနက်မှ မည်သူမဆို ယုံကြည်သူအမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိန်းသိမ်းစောင့် ရှောက်ခံလိုသူတစ်ဦးအား ထိမ်းမြားရန် အကုန်အကျ မတတ်စွမ်းနိုင်ပါက သင်တို့၏လက်ဝယ်၌ ဩဇာခံ၊ (အစေခံနှင့်ကျွန်မတို့) 4:25 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:25) ayat 25 in Burmese

4:25 Surah An-Nisa’ ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 25 - النِّسَاء - Page - Juz 5

﴿وَمَن لَّمۡ يَسۡتَطِعۡ مِنكُمۡ طَوۡلًا أَن يَنكِحَ ٱلۡمُحۡصَنَٰتِ ٱلۡمُؤۡمِنَٰتِ فَمِن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن فَتَيَٰتِكُمُ ٱلۡمُؤۡمِنَٰتِۚ وَٱللَّهُ أَعۡلَمُ بِإِيمَٰنِكُمۚ بَعۡضُكُم مِّنۢ بَعۡضٖۚ فَٱنكِحُوهُنَّ بِإِذۡنِ أَهۡلِهِنَّ وَءَاتُوهُنَّ أُجُورَهُنَّ بِٱلۡمَعۡرُوفِ مُحۡصَنَٰتٍ غَيۡرَ مُسَٰفِحَٰتٖ وَلَا مُتَّخِذَٰتِ أَخۡدَانٖۚ فَإِذَآ أُحۡصِنَّ فَإِنۡ أَتَيۡنَ بِفَٰحِشَةٖ فَعَلَيۡهِنَّ نِصۡفُ مَا عَلَى ٱلۡمُحۡصَنَٰتِ مِنَ ٱلۡعَذَابِۚ ذَٰلِكَ لِمَنۡ خَشِيَ ٱلۡعَنَتَ مِنكُمۡۚ وَأَن تَصۡبِرُواْ خَيۡرٞ لَّكُمۡۗ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[النِّسَاء: 25]

သင်တို့အနက်မှ မည်သူမဆို ယုံကြည်သူအမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိန်းသိမ်းစောင့် ရှောက်ခံလိုသူတစ်ဦးအား ထိမ်းမြားရန် အကုန်အကျ မတတ်စွမ်းနိုင်ပါက သင်တို့၏လက်ဝယ်၌ ဩဇာခံ၊ (အစေခံနှင့်ကျွန်မတို့) အဖြစ်ရှိနေကြသော သင်တို့၏ယုံကြည်သူ မိန်းကလေးပျိုများကို ထိမ်းမြားနိုင်၏။ သင်တို့ ၏ယုံကြည်မှုကြောင့် သင်တို့သည် အချို့ကို အချို့မှ (လူလူချင်း ခွဲခြားဆက်ဆံနိုင်မည် မဟုတ်ကြောင်းကို အလ္လာဟ်အရှင်မြတ် အသိတော်ဆုံး ဖြစ်တော်မူသည့်အတွက် (ဩဇာခံ၊ အစေခံနှင့်ကျွန်မများကို မယုံကြည်သူ တို့က အဆင့်အတန်းနိမ့်ကျသူများအဖြစ် မှတ်ယူနေသော်ငြားလည်း) သူမတို့၏မိ သားစုဝင်များ (သို့မဟုတ်၊ ပိုင်ရှင်များ) ၏ခွင့်ပြုချက်ဖြင့် သူမတို့အား ထိမ်းမြားကြလော့။ ထို့ပြင် အပျော်သဘောဖြင့် အမြတ်ထုတ်လိုသော ရည်ရွယ်ချက်မပါဘဲ တရားတော်နှင့်အညီ ထိမ်းမြား၍ သူမတို့အား ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ လက်ထပ်ထိမ်းမြားလျက် (သူမတို့အား သင်တို့ကဲ့သို့ပင် လူသားများဖြစ်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့်) မင်္ဂလာလက်ဆောင်များ ပေးအပ်ကြလော့။ သူမတို့က ထိုသို့ တရားဝင်ထိမ်းမြား၍ ထိန်းသိမ်းစောင့်ရှောက်ခံသူများအဖြစ် နေထိုင်ကြစဉ် (အကယ်၍ ယခင်က ဩဇာခံဖြစ်ခဲ့ခြင်းနှင့်ခိုကိုးရာမဲ့ဖြစ်ခဲ့ခြင်းကြောင့် အကျပ်ကိုင်လျက်) သူမတို့အား တိတ်တိတ်ပုန်း အမြတ်ထုတ်ခြင်းခံရနိုင်သူများဟု မမှတ်ယူကြလေနှင့်။ အကယ်၍ (သူမတို့၏အတိတ်ကာလ အခြေအနေကြောင့် သူမတို့၌ အကျင့်ဆိုးများ အလေ့အထသဖွယ်ပါလာ၍ သင်တို့ အား) မဖွယ်မရာဆက်ဆံကြလျှင် (ဩဇာခံ၊ အနှိမ်ခံမဖြစ်ခဲ့ဖူးသော) ထိန်းသိမ်းစောင့်ရှောက်ခံထားရသည့် အမျိုး သမီးများအပေါ် (ထိုကဲ့သို့သော ပြစ်မှုအတွက်) ကျခံရဖွယ်ရှိသည့် ပြစ်ဒဏ်၏ထက်ဝက်ကို လျှော့၍ အရေးယူကြလော့။ ယင်း (အမိန့်တော်) သည် (သူမတို့၏မဖွယ်မရာမှု လွန်ကဲလာပြီး သူတို့အား) စိတ်သောက ရောက်စေမည်"" ဟု စိုးရိမ်ကြောင့်ကြနေသူ (မည်သူမဆို) အတွက်သာ ဖြစ်၏။ သို့သော် အကယ်၍ သင်တို့က (သူမတို့ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ကို စိတ်ရှည်ရှည်ဖြင့်) သည်းခံပေးကြလျှင် သင်တို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومن لم يستطع منكم طولا أن ينكح المحصنات المؤمنات فمن ما ملكت, باللغة البورمية

﴿ومن لم يستطع منكم طولا أن ينكح المحصنات المؤمنات فمن ما ملكت﴾ [النِّسَاء: 25]

Ba Sein
၂၅။ အကြင်သူသည် ဥစ္စာအင်အားနည်းပါးသောကြာင့် ယုံကြည်သူ၊ သူကောင်းမိန်းမများကို လက်မထပ်နိုင်သော် ထိုသူသည် မိမိလက်အောက်ရှိ ယုံကြည်သူ ကျွန်မိန်းမများကို လက်ထပ်ယူခွင့် ရှိ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ဘာသာအယူဝါဒကို ကောင်းစွာသိတော်မူ၏။ သင်တို့သည် တစ်ဦးမှတစ်ဦး ဆင်းသက်လာကြ၏။ ထို့ကြောင့် ကျွန်မိန်းမများကို သူတို့၏ ဆွေမျိုးထံမှ ခွင့်ပန်ပြီးလျှင် ထိမ်းမြားကြလော့။ သူတို့အား သနားကြင်နာ တရားမျှတစွာ ခန်းဝင်ပစ္စည်း ပေးကြလော့။ သူတို့သည် ရိုးသားဖြောင့်မတ်ရမည်။ ကာမကျူးလွန်ခြင်း၊ လျှပ်ပေါ်လော်မာခြင်းတို့ ကင်းရမည်။ တရားသဖြင့် လက်ထပ်ပြီးသည့်နောက် သူတို့သည် ကာမခိုးမှုကျူးလွန်လျှင် ကျွန်မဟုတ်သော လွတ်လပ်သည့် သူကောင်းမတို့အား ပေးသောအပြစ်ဒဏ်တစ်ဝက်ကို သူတို့အား ပေးရမည်။ ဤကျင့်စဉ်တရားကား သင်တို့အနက် အပြစ်ကျူးလွန်ရန် ထိတ်လန့်သောသူတို့အဖို့ ဖြစ်၏။ သို့သော် သည်းခံခြင်းပါရမီကိုဖြည့်ခြင်းသည် သင်တို့အတွက် သာလွန်မွန်မြတ်၏။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်းမပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် အသင်တို့ထဲမှ အကြင်သူသည် လွတ်လပ်‌သော မုအ်မင်န်အမျိုးသမီးများနှင့် ထိမ်းမြားရန် မတတ်စွမ်းနိုင်လျှင် ထိုသူသည် အသင်တို့ပိုင်ဆိုင်‌သော မုအ်မင်န်ကျွန်မများနှင့် (လက်ထပ်ထိမ်းမြားနိုင်သည်)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အီမာန်ယုံကြည်မှုုကို အသိဆုံးဖြစ်‌တော်မူသည်။* အသင်တို့ထဲမှအချို့သည် အချို့ထံမှ (ဆင့်ကဲဆင့်ကဲ ဆင်းသက်လာ‌သော သားချင်းများပင်)ဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် ထိုကျွန်မများကို ပိုင်ဆိုင်ကြ‌သောသခင်များ၏ခွင့်ပြုချက်နှင့် ထိုကျွန်မများကို လက်ထပ်ထိမ်းမြားကြပါ။ ထို့ပြင် အသင်တို့သည် တရားဥပ‌ဒေအတိုင်း ထိုကျွန်မများအား သူမတို့၏ မဟရ်များကို‌ပေးကြပါ။ ထိုကျွန်မများသည် (သူမတို့၏)သိက္ခာကို ထိန်းသိမ်းကြရမည်။ တရားမဝင် ကာမကျူးလွန်သူများ မဖြစ်ကြရ‌ပေ။ တိတ်တိတ်ပုန်း‌ယောက်ျားယူသူများလည်း မဖြစ်ကြရ‌ပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးအဖြစ် ထိမ်းမြားခံရပြီး‌နောက် အကယ်၍ တရားမဝင် ကာမကျူးလွန်ခဲ့ကြလျှင် ထိုကျွန်မများအ‌ပေါ်တွင် (ချမှတ်ရမည့်အပြစ်ဒဏ်သည်) လွတ်လပ်‌သော အမျိုးသမီးများအ‌ပေါ်တွင် ချမှတ်‌သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။* ဤ(သို့ ကျွန်မများနှင့်ထိမ်းမြားရန်)အမိန့်‌တော်သည် အသင်တို့ထဲမှ (မထိမ်းမြားဘဲ‌နေခဲ့လျှင်) တရားမဝင်ကာမ (ကျူးလွန်မိမည်)ကို စိုးရိမ်‌သောသူများအတွက် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အသင်တို့၏စိတ်များကိုထိန်းပြီး ကျွန်မများနှင့် မထိမ်းမြားဘဲ) သည်းခံကြလျှင် အသင်တို့အတွက် ပို‌ကောင်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek