Quran with Burmese translation - Surah An-Nisa’ ayat 6 - النِّسَاء - Page - Juz 4
﴿وَٱبۡتَلُواْ ٱلۡيَتَٰمَىٰ حَتَّىٰٓ إِذَا بَلَغُواْ ٱلنِّكَاحَ فَإِنۡ ءَانَسۡتُم مِّنۡهُمۡ رُشۡدٗا فَٱدۡفَعُوٓاْ إِلَيۡهِمۡ أَمۡوَٰلَهُمۡۖ وَلَا تَأۡكُلُوهَآ إِسۡرَافٗا وَبِدَارًا أَن يَكۡبَرُواْۚ وَمَن كَانَ غَنِيّٗا فَلۡيَسۡتَعۡفِفۡۖ وَمَن كَانَ فَقِيرٗا فَلۡيَأۡكُلۡ بِٱلۡمَعۡرُوفِۚ فَإِذَا دَفَعۡتُمۡ إِلَيۡهِمۡ أَمۡوَٰلَهُمۡ فَأَشۡهِدُواْ عَلَيۡهِمۡۚ وَكَفَىٰ بِٱللَّهِ حَسِيبٗا ﴾
[النِّسَاء: 6]
﴿وابتلوا اليتامى حتى إذا بلغوا النكاح فإن آنستم منهم رشدا فادفعوا إليهم﴾ [النِّسَاء: 6]
Ba Sein ၆။ သင်တို့သည် မိဘမဲ့တို့အား အချိန်အရွယ်ရောက်သည့်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ထိုအခါ သူတို့သည် ရူးသွပ်သူတို့မဖြစ်လျှင် သူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းမျာကို လွှဲပြောင်းပေး ကြလော့။ သူတို့ကြီးပြင်းလာမည်ကိိုစိုးရိမ်သဖြင့် ထိုပစ္စည်းများကို လျှင်မြန်စွာ မဖြုန်းတီးကြလင့် အကြင်အုပ်ထိန်းသူသည် ဥစ္စာရှိ၏။ ထိုသူသည် မိဘမဲ့တို့၏ပစ္စည်းကို မစားသင့်။ အကြင် အုပ်ထိန်းသူသည် ဆင်းရဲအံ့။ ထိုသူသည် အုပ်ထိန်းရခြင်းကြောင့် ထိုဥစ္စာမှ တရားမျှတစွာ စားထိုက်၏။ သင်တို့သည် မိဘမဲ့တို့အား ၎င်းတို့၏ပစ္စည်းကို လွှဲအပ်သောအခါ သူတို့နှင့်တကွ သက်သေတို့ရှေ့တွင် လွှဲအပ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် စာရင်းစစ်အဖြစ်ဖြင့် လုံလောက်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အဘမဲ့ကလေးများ(၏ အသိဉာဏ်)ကို ထိမ်းမြားမည့်အရွယ် ရောက်လာသည်အထိ စမ်သပ်စစ်ဆေးကြည့်ပါ။ ထို့နောက် အကယ်၍ အသင်တို့သည် ထိုအဘမဲ့ကလေးများတွင် သိတတ်သောဉာဏ်ကိုတွေ့ရလျှင် သူတို့အား သူတို့၏ပစ္စည်းများကို ပေးအပ်လိုက်ပါ။ ထို့ပြင် အသင်တို့သည် ထိုအဘမဲ့ကလေးများ၏ပစ္စည်းများကို သူတို့ကြီးပြင်းလာမည်ကို စိုးရိမ်၍ အကျိုးမဲ့သုံးဖြုန်းခြင်းနှင့် အမြန်သုံးစွဲခြင်းတို့ကို မပြုလုပ်ကြနှင့်။ ထို့ပြင် (အုပ်ထိန်းသူသည်)ချမ်းသာသူဖြစ်လျှင် (အဘမဲ့ကလေးများ၏ပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရမည် ထို့ပြင် (အုပ်ထိန်းသူသည်)ဆင်းရဲသူဖြစ်လျှင် (အဘမဲ့ကလေးများ၏ပစ္စည်းများထဲမှ) ကောင်းမွန်သောနည်းနှင့် (အသင့်အတင့်) စားသုံးနိုင်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့ကလေးများအား သူတို့၏ပစ္စည်းများကို ပြန်ပေးသောအခါ ထိုကိစ္စအပေါ် အသိသက်သေများ ထားကြပါ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ |