Quran with Burmese translation - Surah An-Nisa’ ayat 79 - النِّسَاء - Page - Juz 5
﴿مَّآ أَصَابَكَ مِنۡ حَسَنَةٖ فَمِنَ ٱللَّهِۖ وَمَآ أَصَابَكَ مِن سَيِّئَةٖ فَمِن نَّفۡسِكَۚ وَأَرۡسَلۡنَٰكَ لِلنَّاسِ رَسُولٗاۚ وَكَفَىٰ بِٱللَّهِ شَهِيدٗا ﴾
[النِّسَاء: 79]
﴿ما أصابك من حسنة فمن الله وما أصابك من سيئة فمن نفسك﴾ [النِّسَاء: 79]
Ba Sein ၇၉။ အို-လူသားတို့ သင်တို့စံစားရသောချမ်းသာသုခများသည် အလ္လာဟ်အသျှင်မြတ်အထံတော်မှ တဖြစ်ကြ၏။ သင်တို့ခံစားရသော ဆင်းရဲဒုက္ခများသည် သင်တို့ထံမှဖြစ်ကြ၏။ မိုဟမ္မဒ် ငါသည် သင့်အား လူသားတို့ထံသို့ တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သက်သေတော်အဖြစ်ဖြင့် လုံလောက်တော်မူ၏။ |
Ghazi Mohammad Hashim (အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌ ဆိုက်ရောက်သမျှသော ဒုက္ခဟူသရွေ့တို့သည် မိမိ (အပြုအမူတို့) ကြောင့်သာဖြစ်၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့ထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် (အသင် ရစူလ်တမန်တော်မြတ်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍) သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။ |
Hashim Tin Myint အသင်၏ထံသို့ရောက်ရှိလာသော ကောင်းသောအရာသည် အလ္လာဟ်အရှင်မြတ်ထံတော်မှပင် ဖြစ်သည်။ ၎င်းပြင် အသင်၏ထံသို့ရောက်ရှိလာသော မကောင်းသောအရာသည် အသင်၏ထံမှ(အပြုအမူများကြောင့်)ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အသင်(တမန်တော်မုဟမ္မဒ်-ဆွ)ကို လူများအားလုံးထံသို့* ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင် တမန်တော်ဖြစ်ကြောင်း)မျက်မှောက် အသိသက်သေအဖြစ် လုံလောက်တော်မူသည်။ |