﴿أَيۡنَمَا تَكُونُواْ يُدۡرِككُّمُ ٱلۡمَوۡتُ وَلَوۡ كُنتُمۡ فِي بُرُوجٖ مُّشَيَّدَةٖۗ وَإِن تُصِبۡهُمۡ حَسَنَةٞ يَقُولُواْ هَٰذِهِۦ مِنۡ عِندِ ٱللَّهِۖ وَإِن تُصِبۡهُمۡ سَيِّئَةٞ يَقُولُواْ هَٰذِهِۦ مِنۡ عِندِكَۚ قُلۡ كُلّٞ مِّنۡ عِندِ ٱللَّهِۖ فَمَالِ هَٰٓؤُلَآءِ ٱلۡقَوۡمِ لَا يَكَادُونَ يَفۡقَهُونَ حَدِيثٗا ﴾
[النِّسَاء: 78]
သင်တို့မည်သည့်နေရာ မည်သည့်အနေအထား၌ပင်ရှိသည်ဖြစ်စေ၊ အကယ်၍ အလွန် ခိုင်ခံ့လုံခြုံသည့် မျှော်စင်ပမာ မြင့်မားသော ခံတပ်ထဲ၌ရှိနေခဲ့လျှင်လည်း (သေချိန်တန်လျှင်) သေခြင်းတရားက သင်တို့ထံ ရောက်ရှိလိမ့်မည်။ သူတို့၌ ကောင်းကျိုးပေးသည့် အကြောင်းကိစ္စတစ်ခုခုဖြစ်ပေါ်လာလျှင် “ဤအရာ အလ္လာဟ်အရှင် မြတ်၏ထံတော်မှ ဖြစ်၏။” ဟု ပြောဆိုကြပြီး “ဆိုးကျိုးဖြစ်စေ၊ အကုသိုလ် တစ်စုံတစ်ခုနှင့် ကြုံတွေ့သည့်အခါ “ဤသည် အသင် (တမန်တော်) ကြောင့် ဖြစ်ရသည်။” ဟု ပြောကြ၏။ သူတို့အား (အကောင်းအဆိုးအပါ အဝင်အရာခပ်သိမ်း) အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှပင် ဖြစ်၏။” ဟု ပြောလော့။ ဤလူမျိုးတို့သည် အဘယ်ကြောင့် အရှင့်စကားတော်ကို အမိအရ နားလည်သဘောပေါက်ဟန် မတူကြသနည်း။
ترجمة: أينما تكونوا يدرككم الموت ولو كنتم في بروج مشيدة وإن تصبهم حسنة, باللغة البورمية
﴿أينما تكونوا يدرككم الموت ولو كنتم في بروج مشيدة وإن تصبهم حسنة﴾ [النِّسَاء: 78]