Quran with Burmese translation - Surah An-Nisa’ ayat 83 - النِّسَاء - Page - Juz 5
﴿وَإِذَا جَآءَهُمۡ أَمۡرٞ مِّنَ ٱلۡأَمۡنِ أَوِ ٱلۡخَوۡفِ أَذَاعُواْ بِهِۦۖ وَلَوۡ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُوْلِي ٱلۡأَمۡرِ مِنۡهُمۡ لَعَلِمَهُ ٱلَّذِينَ يَسۡتَنۢبِطُونَهُۥ مِنۡهُمۡۗ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَٱتَّبَعۡتُمُ ٱلشَّيۡطَٰنَ إِلَّا قَلِيلٗا ﴾
[النِّسَاء: 83]
﴿وإذا جاءهم أمر من الأمن أو الخوف أذاعوا به ولو ردوه إلى﴾ [النِّسَاء: 83]
Ba Sein ၈၃။ သူတို့ထံ ဘေးရန်ကင်းခြင်းသတင်းသော်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြဘွယ်သတင်းဆိုး ရောက်လာလျှင် သူတို့သည် ထိုသတင်း အနှံ့အပြား ကြော်ငြာကြ၏။ အကယ၍ သူတို့သည် ထိုသတင်းကို တမန်တော်သခင်နှင့် အကြီးအကဲအုပ်ချုပ်သူတို့အား အကြောင်းကြားခဲ့လျှင် သူတို့အနက် စဉ်းစားဆင်ခြင်တတ်သူတို့သည် ထိုသတင်းအကြောင်းအရာကို စစ်ဆေးစုံစမ်း၍ အမှန်ကို သိရှိကြလတ္တံ့။ အကယ်၍ အလ္လာဟ်အသျှင်မြတ်၏ မဟာဂရုဏာတော်အနန္တ ကောင်းကြီးမင်္ဂလာတော်တို့ကြောင့်သာမဟုတ်လျှင် သင်တို့အနက် အလွန်နည်းပါးသောသူတို့မှ တစ်ပါး၊ သင်တို့အားလုံးသည် ရှိုင်တန်မာရ်နတ်နောက်သို့ လိုက်ခဲ့ကြလတ္တံ့။ |
Ghazi Mohammad Hashim ထိုမှတစ်ပါးတုံ ၎င်းတို့ထံ စိတ်အေးဖွယ်ရာသော သတင်းတစ်ရပ်ရပ်၊ သို့မဟုတ် ကြောက်ရွံ့စိုးရိမ်ဖွယ်ရာသော သတင်းတစ်ရပ်ရပ်ရောက်ရှိလတ်သော်၊ ထိုသူတို့သည် ၎င်းသတင်းကို (စဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ ချက်ခြင်းပင်) ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် ဩဇာအာဏာရှိသူများထံသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြပါမူ ထိုသူတို့အနက်မှ နက်နဲစွာ စဉ်စားဆင်ခြင်တတ်သောသူတို့သည် ထိုသတင်း (၏အခြေအမြစ်) ကို မလွဲဧကန် (ဝေဖန်ပိုင်းခြား၍) သိရှိကြပေမည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော်သည် မရှိခဲ့ပါမူ အနည်းငယ်သောသူတို့မှအပ အသင်တို့ (အားလုံး) သည် ရှိုင်တွာန်၏နောက်သို့ မုချ လိုက်ခဲ့ကြမည်သာတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့ထံသို့ စိတ်အေးဖွယ်ရာသတင်းတစ်စုံတစ်ခု သို့မဟုတ် ထိတ်လန့်ဖွယ်ရာသတင်းတစ်စုံတစ်ခု ရောက်လာသောအခါ သူတို့သည် ထိုသတင်းကို (ဆန်းစစ်ခြင်းမရှိဘဲ)ဖြန့်လိုက်ကြသည်။* အကယ်၍ သူတို့သည် ထိုသတင်းကို တမန်တော်ထံသို့ သို့မဟုတ် အာဏာပိုင်များထံသို့ လွှဲပို့ခဲ့လျှင် သူတို့ထဲမှ ဆင်ခြင်းသုံးသပ် ဆန်းစစ်တတ်သောသူများသည် ထိုသတင်း(၏ဇာစ်မြစ်)ကို အမှန်ပင် သိရှိကြလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် သနားညှာတာမှုသာ မရှိခဲ့လျှင် အနည်းငယ်မှလွဲ၍ အသင်တို့(အားလုံး)သည် ရှိုင်သွာန်၏နောက်သို့ လိုက်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။ |