×

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေ နပ်နှစ်မြှို့မှုအတွက် ဖိနှိပ်ချုချယ်မှုများ အဆုံးသတ်ရန်အလို့ငှာ) ရင်ဆိုင်တိုက်ခိုက်လော့။ ဦးစားပေး ကာကွယ်ရမည်မှာ 4:84 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:84) ayat 84 in Burmese

4:84 Surah An-Nisa’ ayat 84 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 84 - النِّسَاء - Page - Juz 5

﴿فَقَٰتِلۡ فِي سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفۡسَكَۚ وَحَرِّضِ ٱلۡمُؤۡمِنِينَۖ عَسَى ٱللَّهُ أَن يَكُفَّ بَأۡسَ ٱلَّذِينَ كَفَرُواْۚ وَٱللَّهُ أَشَدُّ بَأۡسٗا وَأَشَدُّ تَنكِيلٗا ﴾
[النِّسَاء: 84]

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေ နပ်နှစ်မြှို့မှုအတွက် ဖိနှိပ်ချုချယ်မှုများ အဆုံးသတ်ရန်အလို့ငှာ) ရင်ဆိုင်တိုက်ခိုက်လော့။ ဦးစားပေး ကာကွယ်ရမည်မှာ အသင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မှအပ သင့်မှာ တာဝန်ရှိသည် မဟုတ်ပေ။ သို့ဖြစ်၍ ယုံကြည်သူတို့အား (မတရားဖိနှိပ်ချုပ်ချယ်မှုကို တော်လှန်တိုက်ခိုက်ရန် တာဝန်ရှိကြာင်း) တိုက်တွန်းနှိုးဆော်လော့။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏ရက်စက် ကြမ်းကြုတ်သောအင်အားကို ဟန့်တားတော်မူဖွယ်ရာ ရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ရက်စက်ကြမ်း ကြုတ်မှုကို ပိုမို၍ ပြင်းထန်ပြီး ပိုမို၍ ပြင်းထန်ကြီးလေးသော ပြစ်ဒဏ်ဖြင့် တုံ့ပြန်စေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: فقاتل في سبيل الله لا تكلف إلا نفسك وحرض المؤمنين عسى الله, باللغة البورمية

﴿فقاتل في سبيل الله لا تكلف إلا نفسك وحرض المؤمنين عسى الله﴾ [النِّسَاء: 84]

Ba Sein
၈၄။ ထို့ကြောင့် အို-မိုဟမ္မဒ် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်လော့။ သင်သည် မိိမိအတွက်မှတစ်ပါး၊ သူတစ်ပါးအတွက် တာဝန်မထမ်းရပေ။ ယုံကြည်သူတို့ကို တိုက်တွန်း လှု့ံဆော်လော့။ အလ္လာဟ်အသျှင်မြတ်သည် မယုံကြည်သူ၏အင်အားကို တားမြစ်ဟန့်တားတော် မူကောင်း ဟန့်တားတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သာလွန်အင်အားကြီးမားတော် မူ၏။ အပြစ်ဒဏ်ခတ်ရာ၌ သာလွန်ခက်ထန်တော်မူ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါ။ အသင်၏အ‌ပေါ်တွင် အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိ‌ပေ)။ ၎င်းပြင် အသင်သည် အီမာန်ယုံကြည်သူများအား တိုက်တွန်းနှိုး‌ဆော်‌နေပါ။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများ၏အင်အားကို တားဆီး‌တော်မူလိမ့်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးဆုံးအရှင်ဖြစ်‌တော်မူပြီး အပြင်းထန်ဆုံး အပြစ်ဒဏ်‌ပေး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek