Quran with Burmese translation - Surah An-Nisa’ ayat 82 - النِّسَاء - Page - Juz 5
﴿أَفَلَا يَتَدَبَّرُونَ ٱلۡقُرۡءَانَۚ وَلَوۡ كَانَ مِنۡ عِندِ غَيۡرِ ٱللَّهِ لَوَجَدُواْ فِيهِ ٱخۡتِلَٰفٗا كَثِيرٗا ﴾
[النِّسَاء: 82]
﴿أفلا يتدبرون القرآن ولو كان من عند غير الله لوجدوا فيه اختلافا﴾ [النِّسَاء: 82]
Ba Sein ၈၂။ သူတို့သည် ကုရ်အာန်ကျမ်းတေ်ကို စဉ်းစားဆင်ခြင်ကြမည်မဟုတ်လော။ ကုရ်အာန်ကျမ်းတော်သည် အလ္လာဟ်အသျှင်မြတ်အထံတော်မှမဟုတ်ဘဲ အခြားသူတို့ထံမှဖြစ်ခဲ့လျှင် သူတို့သည် ထိုကျမ်းတော်၌ များစွာသော မညီညွတ်၊ ကွဲလွဲချက်များကို တွေ့ကြရမည်။ |
Ghazi Mohammad Hashim ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။ |
Hashim Tin Myint ၎င်းပြင် သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို စဉ်းစားဆင်ခြင် မကြည့်ကြလေသလော။ အကယ်၍ ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှလွဲ၍ အခြားမည်သူ၏ထံမှသာဖြစ်ခဲ့လျှင် သူတို့သည် ထို(ကုရ်အာန်)ထဲတွင် ကွဲလွဲမှုများစွာကို အမှန်ပင် တွေ့ရှိခဲ့ကြလိမ့်မည်။ |