×

(ထိုအရှင်မြတ်သည်) ပြစ်မှားမှုများကို ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချတောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ တန်ပြန်အရေးယူ ဒဏ်ခတ်တော်မူသောအရှင်၊ အကန့်အသတ်မဲ့ ရက်ရောတော်မူပြီး အတိုင်းမရှိ စိုးပိုင်တော်မူသောအရှင် 40:3 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:3) ayat 3 in Burmese

40:3 Surah Ghafir ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 3 - غَافِر - Page - Juz 24

﴿غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوۡبِ شَدِيدِ ٱلۡعِقَابِ ذِي ٱلطَّوۡلِۖ لَآ إِلَٰهَ إِلَّا هُوَۖ إِلَيۡهِ ٱلۡمَصِيرُ ﴾
[غَافِر: 3]

(ထိုအရှင်မြတ်သည်) ပြစ်မှားမှုများကို ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချတောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ တန်ပြန်အရေးယူ ဒဏ်ခတ်တော်မူသောအရှင်၊ အကန့်အသတ်မဲ့ ရက်ရောတော်မူပြီး အတိုင်းမရှိ စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှအပ ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုရှင်မြတ်ထံတော်သို့သာလျင် (အားလုံး၏) နောက်ဆုံးပန်းတိုင် ပြန်လည်ရာဗိမာန်စခန်း ဖြစ်၏။

❮ Previous Next ❯

ترجمة: غافر الذنب وقابل التوب شديد العقاب ذي الطول لا إله إلا هو, باللغة البورمية

﴿غافر الذنب وقابل التوب شديد العقاب ذي الطول لا إله إلا هو﴾ [غَافِر: 3]

Ba Sein
၃။ အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ အပြစ်ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူသောအရှင်၊ ပြစ်မှုကျူးလွန်သူများကို ပြင်းပြစွာဒဏ်တပ်ရိုက်စီရင်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာအနန္တနှင့် ပြည့်စုံတော် မူလှသောအရှင်ဖြစ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သတ္တဝါအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်ကြရမည်သာတည်း။
Ghazi Mohammad Hashim
(ထိုအရှင်မြတ်သည်) ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချ တောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံတော်မူသော(ရက်ရောစွာ ပေးကမ်းစွန့်ကြဲတော်မူသော)အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ နောက်ဆုံး ပြန်လည်ရာစခန်းသည် ထိုအရှင်မြတ်အထံတော်၌ပင် ဖြစ်ပေသတည်း။
Hashim Tin Myint
(အရှင်မြတ်သည်) အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ ဝန်ချ‌တောင်းပန်ခြင်းကို လက်ခံ‌တော်မူ‌သောအရှင်၊ ပြင်းထန်စွာ ဒဏ်ခတ်‌တော်မူ‌သောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံ‌တော်မူ‌သော (ရက်‌ရောစွာ‌ပေးကမ်း‌တော်မူ‌သော)အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ‌နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek