Quran with Burmese translation - Surah Fussilat ayat 44 - فُصِّلَت - Page - Juz 24
﴿وَلَوۡ جَعَلۡنَٰهُ قُرۡءَانًا أَعۡجَمِيّٗا لَّقَالُواْ لَوۡلَا فُصِّلَتۡ ءَايَٰتُهُۥٓۖ ءَا۬عۡجَمِيّٞ وَعَرَبِيّٞۗ قُلۡ هُوَ لِلَّذِينَ ءَامَنُواْ هُدٗى وَشِفَآءٞۚ وَٱلَّذِينَ لَا يُؤۡمِنُونَ فِيٓ ءَاذَانِهِمۡ وَقۡرٞ وَهُوَ عَلَيۡهِمۡ عَمًىۚ أُوْلَٰٓئِكَ يُنَادَوۡنَ مِن مَّكَانِۭ بَعِيدٖ ﴾
[فُصِّلَت: 44]
﴿ولو جعلناه قرآنا أعجميا لقالوا لولا فصلت آياته أأعجمي وعربي قل هو﴾ [فُصِّلَت: 44]
Ba Sein ၄၄။ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို အာရဗီဘာသာစကားနှင့်မဟုတ်ပဲ အခြားဘာသာာတစ်ခုခုဖြင့် ပြဋ္ဌာန်းတော် မူခဲ့လျှင် သူတို့က ဤကဲ့သို့ကဲ့ရဲ့ကြလတ့ံ၊ ကျမ်းတော်၏ ဂါထာများကို အဘယ်ကြောင့်အသေးစိတ်ရှင်းလင်း မပြသနည်း၊ ထူးဆန်းလှချည်ရဲ့၊ ကျမ်းကို အာရဗီဘာသာနှင့်မပြဋ္ဌာန်း၊ သို့သော်ကျမ်းတော်ကို ယူဆောင်လာသူ တမန်တော်မှာမူကား အာရဗီအမျိုးသားဖြစ်၏၊ အေ တမန်တော်ဟောပြောလော့၊ ကုရ်အာန်ကျမ်းမြတ်သည် ယုံကြည်သူတို့အဖို့အရာ လမ်းပြကျမ်းဖြစ်၏၊ ဝေဒနာပျောက်ဆေးကြီးလည်းဖြစ်၏၊ သို့သော်မယုံကြည်သူတို့ မှာမူကား နားပင်းမျက်စိကန်းသူတို့ဖြစ်ကြ၏၊ သူတို့သည် အလွန်ဝေးကွာသောနေရာမှ အခေါ်ခံရသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အရဗီဘာသာစကား မဟုတ်သောလူမျိုးခြားဘာသာစကားဖြင့် (ကျရောက်သော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့ကယင်းကုရ်အာန်ကျမ်းတော်မြတ်၏ အာယတ်တော်များသည်မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါသနည်း။ ရစူလ်တမန်တော်သည် ‘အရဗ်’အမျိုးသား ဖြစ်ပြီး(ကုရ်အာန်ကျမ်းတာ်မြတ်သည်) လူမျိုးခြား ဘာသာစကားဖြင့်ကျရောက်လာသည်လောဟူ၍ ပြောဆိုခဲ့ကြမည်သာ။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့အဖို့ တရားလမ်းညွှန်နှင့် ရောဂါဝေဒနာပျောက် ကင်းစေသောဆေးပင် ဖြစ်ပေသည်။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသောသူတို့၏နားများ၌မူကား နားပင်းမှုဝေဒနာသည်ရှိနေပေရာ ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ၎င်းတို့နှင့်ပတ်သက်၍ မျက်မမြင်(မမြင်ဖွယ်ရာမထင်မရှား) ဖြစ်နေချေသည်။ ၎င်းတို့မှာ ရပ်ဝေးမှ ဟစ်ခေါ်ခြင်းခံကြရသူများပင်ဖြစ်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ထိုကျမ်းတော်မြတ်ကို အရဗီဘာသာစကားမဟုတ်သော လူမျိုးခြားဘာသာစကားနှင့် (ကျရောက်သည့်)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့လျှင် အမှန်ပင် သူတို့က ထိုကျမ်းတော်၏ အာယသ်တော်များသည် အဘယ့်ကြောင့် ရှင်းလင်းစွာ ဖော်ပြမထားပါသနည်း။ တမန်တော်က အရဗ်အမျိုးသားဖြစ်၍ ကျမ်းကလူမျိုးခြားဘာသာစကားနှင့် ကျရောက်လာသလောဟု ပြောဆိုခဲ့ကြလိမ့်မည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ- ထိုကုရ်အာန်ကျမ်းတော်မြတ်သည် အီမာန် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ရောဂါပျောက်ကင်းစေသော ဆေးဝါးပင်ဖြစ်သည်။ ထို့ပြင် အီမာန်မယုံကြည်ကြသည့်သူများ၏ နားများတွင် နားပင်းသည့်ဝေဒနာရှိနေသည်။ ထို့ပြင် ဤ(ကုရ်အာန် )သည် သူတို့အတွက် (အမှောင်ထဲတွင်)မျက်မမြင်(ဘဲရှာဖွေနေသည့်ပစ္စည်းတစ်ခု)ဖြစ်သည်။ သူတို့သည် အဝေးမှဟစ်ခေါ်ခံကြရသူများပင်ဖြစ်ကြသည်။ ###၁၃ |