×

ထို (ရှင်ပြန်ထရမည့်နေ့ကာလအချိန်နာရီ) နှင့်စပ်လျဉ်း၍ မယုံကြည်သောသူတို့သည်သာလျှင် (လှောင် ပြောင်သည့်အနေဖြင့်) အလျင်စလိုဖြစ်လာရန် စိတ်စောလျက်ရှိကြသော်လည်း သက်ဝင်ယုံကြည် သူတို့မှာမူ ကား ယင်းသည် 42:18 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:18) ayat 18 in Burmese

42:18 Surah Ash-Shura ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 18 - الشُّوري - Page - Juz 25

﴿يَسۡتَعۡجِلُ بِهَا ٱلَّذِينَ لَا يُؤۡمِنُونَ بِهَاۖ وَٱلَّذِينَ ءَامَنُواْ مُشۡفِقُونَ مِنۡهَا وَيَعۡلَمُونَ أَنَّهَا ٱلۡحَقُّۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِي ٱلسَّاعَةِ لَفِي ضَلَٰلِۭ بَعِيدٍ ﴾
[الشُّوري: 18]

ထို (ရှင်ပြန်ထရမည့်နေ့ကာလအချိန်နာရီ) နှင့်စပ်လျဉ်း၍ မယုံကြည်သောသူတို့သည်သာလျှင် (လှောင် ပြောင်သည့်အနေဖြင့်) အလျင်စလိုဖြစ်လာရန် စိတ်စောလျက်ရှိကြသော်လည်း သက်ဝင်ယုံကြည် သူတို့မှာမူ ကား ယင်းသည် အမှန်တရားဖြစ်ကြောင့် သိနေကြသည့်အတွက် ယင်းကို ထိတ်လန့်ကြ၏။ သတိပြုကြလော့။ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ ငြင်းခုံနေကြသော သူတို့မှာမူကား လွန်စွာ ဝေးကွာလှသော လမ်းမှား၌ ရှိနေကြ၏။

❮ Previous Next ❯

ترجمة: يستعجل بها الذين لا يؤمنون بها والذين آمنوا مشفقون منها ويعلمون أنها, باللغة البورمية

﴿يستعجل بها الذين لا يؤمنون بها والذين آمنوا مشفقون منها ويعلمون أنها﴾ [الشُّوري: 18]

Ba Sein
၁၈။ ထိုအချက်ကို မယုံကြည်သူတို့သာလျှင် ၎င်းအချိန်ကို အမြန်ကျရောက်စေလိုကြသည်၊ ယုံကြည်သူတို့မူကား ထိုအချိန်ကာလကို အလွန်ကြောက်လန့်၍ ထိုအချိန်အမှန်ကျရောက်မည်ကို သိကြ၏၊ မှတ်သားကြလော့၊ ထိုအချိန်နှင့်ပတ်သက်၍ ငြင်းခုံကြသူတို့သည် မုချဧကန်အမှားကြီးမှားကြ၏။
Ghazi Mohammad Hashim
ယင်း ကိယာမတ်ရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍ ၎င်းကို မယုံကြည်သောသူတို့သည်သာလျှင် အလျင်စလိုပြုလျက်ရှိကြကုန်၏။ သို့ရာတွင်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာမူကား ယင်းကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလကို စိုးရိမ်၍နေကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ၎င်းကို မှန်ကန်သည်ဟု ယုံကြည်ကြကုန်၏။ သတိပြုကြလေကုန်။ ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်၍ အငြင်းအခုံပြုကြသောသူတို့မှာမူကား လွန်စွာဝေးကွာလှသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
Hashim Tin Myint
ထိုကိယာမသ်‌နေ့နှင့်ပတ်သက်၍ ထိုအရာကို မယုံကြည်သည့်သူများပင် ‌ဆောလျင်စွာ ‌တောင့်တ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် ယုံကြည်သူများကမူ ထို‌နေ့အားစိုးရိမ်‌နေကြသည်။ ထို့ပြင် သူတို့သည်ထို‌နေ့ကို မှန်ကန်သည်ဟုလည်း အမှန်ပင်ယုံကြည်ကြသည်။ သတိပြုကြပါ၊ ကိယာမသ်‌နေ့နှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသူများသည် အလွန်‌ဝေးလံ‌သောလမ်းမှားတွင် အမှန်ပင်ရှိ‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek