Quran with Burmese translation - Surah Ash-Shura ayat 48 - الشُّوري - Page - Juz 25
﴿فَإِنۡ أَعۡرَضُواْ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظًاۖ إِنۡ عَلَيۡكَ إِلَّا ٱلۡبَلَٰغُۗ وَإِنَّآ إِذَآ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ فَرِحَ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَإِنَّ ٱلۡإِنسَٰنَ كَفُورٞ ﴾
[الشُّوري: 48]
﴿فإن أعرضوا فما أرسلناك عليهم حفيظا إن عليك إلا البلاغ وإنا إذا﴾ [الشُّوري: 48]
| Ba Sein ၄၈။ အို-တမန်တော်၊ ထိုအယူမှားသူတို့သည် တရားတော်ကို မနှစ်သက်ကြလျှင် ငါသည် သင့်အား သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ စေလွှတ်တော်မမူချေ၊ သင်၏ ဝတ္တရားမှာမူကား တရားတော်ကို ရှင်းလင်းဟောပြော ရန်သာတည်း၊ ငါသည် လူသားအား ငါ၏ ကောင်းကြီးမင်္ဂလာတော်ကို မြည်းစေသောအခါ သူသည် အထူး ရွှင်မြူး၏၊ သို့သော် ထိုသူသည် မိမိတင်ကြိုပို့ထားနှင့်သောပြုကျင့်မှုကြောင့် ဘေးအန္တရာယ်ထိသောအခါ လူသားသည် ကျေးဇူးကန်းသူအမှန်ဖြစ်၏။ |
| Ghazi Mohammad Hashim သို့ပါလျှက် ၎င်းတို့သည် မျက်နှာလွှဲခဲ့ကြလျှင်(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ် စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်၏တာဝန်မှာ အမိန့်တော်များကို ပို့ဆောင်ခြင်းသာဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ထိုသို့သော)လူသားအား ကျေးဇူးတော် တစ်စုံတစ်ရာ(၏ရသာ)ကို မြည်းစမ်းစေတော် မူသောအခါ ထိုလူသားသည် ယင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်လေ့ရှိ၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်သော အပြုအမူကြောင့်ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ ထိုလူသားမှာ လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေသတည်း။ |