×

သို့တည်းမဟုတ် ထိုအရှင်မြတ်သည် သူတို့အား သားရတနာများနှင့်သမီးရတနာများကို ရောနှောပေးအပ်တော်မူ၏။ ထို့ပြင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (သားသမီးမထွန်း ကားသော) အမြုံ ဖြစ်စေတော်မူ၏။ 42:50 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:50) ayat 50 in Burmese

42:50 Surah Ash-Shura ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 50 - الشُّوري - Page - Juz 25

﴿أَوۡ يُزَوِّجُهُمۡ ذُكۡرَانٗا وَإِنَٰثٗاۖ وَيَجۡعَلُ مَن يَشَآءُ عَقِيمًاۚ إِنَّهُۥ عَلِيمٞ قَدِيرٞ ﴾
[الشُّوري: 50]

သို့တည်းမဟုတ် ထိုအရှင်မြတ်သည် သူတို့အား သားရတနာများနှင့်သမီးရတနာများကို ရောနှောပေးအပ်တော်မူ၏။ ထို့ပြင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (သားသမီးမထွန်း ကားသော) အမြုံ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့အပေါ် နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: أو يزوجهم ذكرانا وإناثا ويجعل من يشاء عقيما إنه عليم قدير, باللغة البورمية

﴿أو يزوجهم ذكرانا وإناثا ويجعل من يشاء عقيما إنه عليم قدير﴾ [الشُّوري: 50]

Ba Sein
၅ဝ။ သို့မဟုတ် အရှင်မြတ်သည် သားများသမီးများနှစ်မျိုးစလုံးပေးသနားတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် အမြံုဖြစ်စေလိုတော်မူသောသူကို အမြံုဖြစ်စေတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတ ဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား သားယောက်ျားကလေးများနှင့် သမီးမိန်းကလေး များကိုပေါင်းစပ်၍ပေးတော်မူ၏။ စုံတွဲ၍ ပေးတော် မူ၏။ ထိုမှတစ်ပါးမိမိအလိုရှိတော်မူသောသူအား (သားသမီးမထွန်းကားသော)အမြုံ ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ လွန်စွာပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
သို့မဟုတ် အရှင်မြတ်သည် သူတို့အား သား‌ယောက်ျားက‌လေးနှင့် သမီးမိန်းက‌လေးများကို ‌ရောပြီးစုံလိုက်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အမြုံပြုလုပ်ထား‌တော်မူသည်။ အမှန်စင်စစ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၆
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek