Quran with Burmese translation - Surah Ash-Shura ayat 51 - الشُّوري - Page - Juz 25
﴿۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحۡيًا أَوۡ مِن وَرَآيِٕ حِجَابٍ أَوۡ يُرۡسِلَ رَسُولٗا فَيُوحِيَ بِإِذۡنِهِۦ مَا يَشَآءُۚ إِنَّهُۥ عَلِيٌّ حَكِيمٞ ﴾
[الشُّوري: 51]
﴿وما كان لبشر أن يكلمه الله إلا وحيا أو من وراء حجاب﴾ [الشُّوري: 51]
Ba Sein ၅၁။ လူသားသည် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ကို လူသားအား ၎င်း၏ စိတ်နှလုံးတွင် ထင်ရှားစေခြင်းဖြင့် သော်လည်းကောင်း၊ အကာအကွယ်အတွင်းမှ မိန့်တော်မူခြင်းဖြင့်သော်လည်းကောင်း၊ ကောင်းကင်တမန်စေလွှတ် ခြင်းဖြင့်သော်လည်းကောင်း ထုတ်ပြန်မိန့်ဆိုတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်း ထက်အလွန်မြင့်မြတ်တော်မူ၏၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မည်သည့်လူသား တစ်ဦးတစ်ယောက်နှင့်မျှအလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခြင်းမှတစ်ပါး၊ အရိပ်အခြည် ပြတော်မူခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အကွယ်အကာ တစ်စုံတစ်ရာ၏နောက်မှတစ်ပါးစကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးပါးကို စေလွှတ်တော်မူ၏။ ထိုအခါထိုစေတမန်သည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ထိုအရှင်မြတ်အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပို့ပေးလေ၏။ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
Hashim Tin Myint မည်သည့်လူသားနှင့်မှ အလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်တော်အရိပ်အခြေပြ ပို့ချတော်မူသည်မှလွဲ၍၊ သို့မဟုတ် အကွယ်နောက်မှလွဲ၍ စကားပြောတော်မမူပေ။ သို့မဟုတ်အရှင်မြတ်သည် စေတမန်တစ်ပါးပါးကို စေလွှတ်တော်မူပြီး ထိုစေတမန်က အရှင်မြတ်၏ အမိန့်တော်နှင့် အရှင်မြတ်အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပေးပို့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မားတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ ###၁၇ |