Quran with Burmese translation - Surah Az-Zukhruf ayat 13 - الزُّخرُف - Page - Juz 25
﴿لِتَسۡتَوُۥاْ عَلَىٰ ظُهُورِهِۦ ثُمَّ تَذۡكُرُواْ نِعۡمَةَ رَبِّكُمۡ إِذَا ٱسۡتَوَيۡتُمۡ عَلَيۡهِ وَتَقُولُواْ سُبۡحَٰنَ ٱلَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقۡرِنِينَ ﴾
[الزُّخرُف: 13]
﴿لتستووا على ظهوره ثم تذكروا نعمة ربكم إذا استويتم عليه وتقولوا سبحان﴾ [الزُّخرُف: 13]
Ba Sein ၁၃။ ယင်းကဲ့သို့ဖန်ဆင်းတော်မူခြင်းကား ၎င်းတို့ကျောက်ကုန်းထက်သို့ တက်စီးပြီးလျှင် ထိုသို့စီးနေစဉ် သင်တို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဂုဏ်ကျေးဇူးတော်ကို သတိရ၍ ဤသို့ကျူးရင့်စိမ့်သောငှာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏၊ အကျွန်ုပ်တို့သည် မိမိတို့အလိုအလျောက် ၎င်းတို့ကို နှိမ်နင်း၍ လက်အောက်ခံဖြစ်စေခြင်းငှာမတတ်စွမ်းနိုင်ချေ။ |
Ghazi Mohammad Hashim အသင်တို့သည် ယင်း(အစီးအနင်းတို့)၏ ကျောက်ကုန်းများထက်ဝယ် ကျနမြဲမြံစွာ တက်စီးကြအံ့သောငှာ လည်းကောင်း၊ ထို့နောက် အသင်တို့သည် ယင်း(အစီးအနင်း)ပေါ်၌ ကျနမြဲမြံစွာ တက်စီးခဲ့ကြသောအခါ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့တသ သတိရကြအံ့သောငှာ လည်းကောင်း၊ (ဤသို့)ပြောဆိုအံ့ သောငှာလည်းကောင်း၊ "ကျွန်တော်မျိုးတို့အဖို့ ဤအစီးအနင်းကို နိုင်နင်းစေတော်မူခဲ့သော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ အမှန်စင်စစ်သော်ကား ကျွန်တော်မျိုးတို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများ မဟုတ်ခဲ့ပေ။ |
Hashim Tin Myint အသင်တို့သည် သူတို့၏ ကျောကုန်းများပေါ်တွင် ကျနစွာတက်စီးကြရန်အတွက်၊ ထို့ပြင် အသင်တို့သည် ၎င်းအပေါ်တွင် ကျနစွာတက်စီးခဲ့ကြသည့်အခါ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကိုသတိရတသကြရန်အတွက်၊ ထို့ပြင် (ဤသို့)ပြောဆိုကြရန်အတွက်ဖြစ်သည်။ “ကျွန်ုပ်တို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများမဟုတ်ခဲ့ပါဘဲလျက် ကျွန်ုပ်တို့အတွက် ဤအစီးအနင်းကို နိုင်နင်းစေတော်မူခဲ့သည့် အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါသည်။ |