Quran with Burmese translation - Surah Az-Zukhruf ayat 15 - الزُّخرُف - Page - Juz 25
﴿وَجَعَلُواْ لَهُۥ مِنۡ عِبَادِهِۦ جُزۡءًاۚ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ مُّبِينٌ ﴾
[الزُّخرُف: 15]
﴿وجعلوا له من عباده جزءا إن الإنسان لكفور مبين﴾ [الزُّخرُف: 15]
Ba Sein ၁၅။ ယင်းသို့ကျေးဇူးပြုသော်လည်း ထိုလူသားတို့သည် အရှင်မြတ်၏ ကျေးကျွန်အချို့တို့ကို အရှင်မြတ်နှင့် တန်းတူ ထား၍ ကိုးကွယ်ကြ၏၊ အမှန်ဆိုသော လူသားတို့သည် မုချဧကန်ကျေးဇူးကန်းသူများဖြစ်၏။ |
Ghazi Mohammad Hashim သို့သော်လည်း ၎င်းတို့သည် ထိုအရှင်မြတ်၏ကျွန်များအနက် (အချို့ကို)ထိုအရှင်မြတ်၏ အစိတ်အပိုင်း တစ်ခုဟူ၍ သတ်မှတ်ခဲ့ကြကုန်၏။ ဧကန်အမှန် လူသားသည် ထင်ရှားစွာသော ကျေးဇူးကန်းသူပင် ဖြစ်ချေသည်။ |
Hashim Tin Myint ထို့ပြင် သူတို့သည် အရှင်မြတ်၏ကျွန်များထဲမှ(အချို့ကို)အရှင်မြတ်၏ အစိတ်အပိုင်းတစ်ခုဟုသတ်မှတ်ခဲ့ကြသည်။ အမှန်စင်စစ် လူသားသည် ထင်ရှားသော ကျေးဇူးကန်းသူပင်ဖြစ်သည်။ ###၄ |