Quran with Burmese translation - Surah Az-Zukhruf ayat 21 - الزُّخرُف - Page - Juz 25
﴿أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبٗا مِّن قَبۡلِهِۦ فَهُم بِهِۦ مُسۡتَمۡسِكُونَ ﴾
[الزُّخرُف: 21]
﴿أم آتيناهم كتابا من قبله فهم به مستمسكون﴾ [الزُّخرُف: 21]
Ba Sein ၂၁။ ငါသည် ထိုသူတို့စွဲလမ်းလိုက်နာဖို့ရာ ကျမ်းတော်တစ်စောင်ကို သူတို့အား ကုရ်အာန်ကျမ်းတော်ကို ထုတ်ပြန် တော်မမူမီ ပေးသနားတော်မူဖူးသလော။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။ |
Hashim Tin Myint ငါ အရှင်မြတ်သည် သူတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)၏ မတိုင်မီက ကျမ်းဂန်တစ်စောင်ကို ပေးသနားတော်မူခဲ့သလော။ သို့ဖြစ်ရာ သူတို့သည် ထိုကျမ်းဖြင့် လက်ကိုင်ပြု(၍အထောက်အထားပြုလုပ်)နေသောသူများလော။ |