Quran with Burmese translation - Surah Al-Jathiyah ayat 29 - الجاثِية - Page - Juz 25
﴿هَٰذَا كِتَٰبُنَا يَنطِقُ عَلَيۡكُم بِٱلۡحَقِّۚ إِنَّا كُنَّا نَسۡتَنسِخُ مَا كُنتُمۡ تَعۡمَلُونَ ﴾
[الجاثِية: 29]
﴿هذا كتابنا ينطق عليكم بالحق إنا كنا نستنسخ ما كنتم تعملون﴾ [الجاثِية: 29]
Ba Sein ၂၉။ ငါ၏ စာရင်းစာအုပ်သည် သင်တို့၏ ပြုကျင့်မှုများကို မှန်ကန်စွာထုတ်ဖော်ပြထား၏၊ မှတ်သားကြလော့၊ ငါ သည် သင်တို့ပြုကျင့်သမျှတို့ကို အကုန်အစင်မှတ်ပုံတင်ထားစေတော်မူ၏။ |
Ghazi Mohammad Hashim ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်။ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ပြောပြနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူခဲ့ကြသည်ကို ရေးမှတ်စေလျက် ရှိတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ဤသည် အသင်တို့နှင့် ပတ်သက်၍တိကျမှန်ကန်စွာ ပြောပြနေသော ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့သမျှကို ရေးမှတ်စေလျက်ရှိတော်မူခဲ့သည်။ ###၈ |