×

စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်မြတ်အား သက်ဝင် ယုံကြည်ခြင်းမရှိခဲ့မူ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည် ငြင်းဆန်သူ) 48:13 Burmese translation

Quran infoBurmeseSurah Al-Fath ⮕ (48:13) ayat 13 in Burmese

48:13 Surah Al-Fath ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Al-Fath ayat 13 - الفَتح - Page - Juz 26

﴿وَمَن لَّمۡ يُؤۡمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَعِيرٗا ﴾
[الفَتح: 13]

စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်မြတ်အား သက်ဝင် ယုံကြည်ခြင်းမရှိခဲ့မူ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည် ငြင်းဆန်သူ) သူတို့အတွက် ချစ်ချစ်တောက်ပူလောင်စေမည့်မီးကို အသင့်ပြင်ဆင်ထားတော်မူ၏။

❮ Previous Next ❯

ترجمة: ومن لم يؤمن بالله ورسوله فإنا أعتدنا للكافرين سعيرا, باللغة البورمية

﴿ومن لم يؤمن بالله ورسوله فإنا أعتدنا للكافرين سعيرا﴾ [الفَتح: 13]

Ba Sein
၁၃။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို မယုံကြည်ကြအ့ံ၊ ထိုမိစ္ဆာဒိဋ္ဌိများ အတွက် ငါသည် မီးတောက်မီးလျှံကို အသင့်စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။
Hashim Tin Myint
ထို့ပြင် မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ယုံကြည်ခြင်းမရှိခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် မီး‌တောက်မီးလျှံ(ငရဲဘုံ)ကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek