×

မကြာမီပင် (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျစ်ရစ်ခဲ့ကြသောသူတို့သည် စစ်ပွဲအောင်မြင်၍ အကျိုးအမြတ် (စစ်နိုင်ရပစ္စည်းများ) ရယူရန် သင်တို့သွားကြသောအခါ “ကျွန်ုပ်တို့အား သင်တို့နှင့်အတူလိုက်ခွင့်ပြုကြလော့။” 48:15 Burmese translation

Quran infoBurmeseSurah Al-Fath ⮕ (48:15) ayat 15 in Burmese

48:15 Surah Al-Fath ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-Fath ayat 15 - الفَتح - Page - Juz 26

﴿سَيَقُولُ ٱلۡمُخَلَّفُونَ إِذَا ٱنطَلَقۡتُمۡ إِلَىٰ مَغَانِمَ لِتَأۡخُذُوهَا ذَرُونَا نَتَّبِعۡكُمۡۖ يُرِيدُونَ أَن يُبَدِّلُواْ كَلَٰمَ ٱللَّهِۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمۡ قَالَ ٱللَّهُ مِن قَبۡلُۖ فَسَيَقُولُونَ بَلۡ تَحۡسُدُونَنَاۚ بَلۡ كَانُواْ لَا يَفۡقَهُونَ إِلَّا قَلِيلٗا ﴾
[الفَتح: 15]

မကြာမီပင် (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျစ်ရစ်ခဲ့ကြသောသူတို့သည် စစ်ပွဲအောင်မြင်၍ အကျိုးအမြတ် (စစ်နိုင်ရပစ္စည်းများ) ရယူရန် သင်တို့သွားကြသောအခါ “ကျွန်ုပ်တို့အား သင်တို့နှင့်အတူလိုက်ခွင့်ပြုကြလော့။” ဟု ပြောဆိုကြပေမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့် စကားတော်ကို ပြောင်းလဲလိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် ကျွန်ုပ်တို့နှင့်အတူ လိုက်စရာအကြောင်း အလျှင်း မရှိပေ။ (သင်တို့နှင့်ပတ်သက်သော) ထို (ဆုံးဖြတ်ချက်) သည် ဤမတိုင်မီ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည့်အတိုင်းပင် ဖြစ်၏။” ဟု ပြောလော့။ အမှန်မှာ မကြာမီ သူတို့က “သင်တို့သည် ကျွန်ုပ်တို့အား မနာလိုဖြစ်နေကြ၏။” ဟု ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား သူတို့သည် အနည်းငယ်မျှသာလျှင် ချင့်ချိန်သိမြင်နားလည်နိုင်စွမ်း ရှိကြ၏။

❮ Previous Next ❯

ترجمة: سيقول المخلفون إذا انطلقتم إلى مغانم لتأخذوها ذرونا نتبعكم يريدون أن يبدلوا, باللغة البورمية

﴿سيقول المخلفون إذا انطلقتم إلى مغانم لتأخذوها ذرونا نتبعكم يريدون أن يبدلوا﴾ [الفَتح: 15]

Ba Sein
၁၅။ အို-တမန်တော်၊ သင်သည် သုံ့လက်ရပစ္စည်းများကို သိမ်းပိုက်ရရှိမည့်စစ်မြေပြင်သို့ ချီတက်သောအခါ နောက် ချန်ရစ်သောသူတို့က အကျွနု်ပ်တို့လည်း လိုက်ပါရစေဟု သင့်အား ပြောဆိုကြလတ့ံ၊ သို့သော်ဤသူများသည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်ကို ပြုပြင်ပြောင်းလဲလိုသောဆန္ဒရှိသူများဖြစ်ကြ၏၊ အေ-မိုဟမ္မဒ်၊ သူတို့ အား အချင်းတို့၊ မလိုက်ကြလင့်၊ အရှင်မြတ်သည် ငါ့အား ယင်းသို့တင်ကြိုဗျာဒိတ်ပေးထားတော်မူ၏၊ ဟောပြော လော့၊ ထိုအခါသူတို့က အို-သခင်၊ သင်သည် အကျွနု်ပ်တို့ကို မနာလိုမုန်းထားပါ၏ဟု ဆိုကြလတ့ံ၊ သင်သည် မနာလိုဝန်တိုသည်မဟုတ်ချေ၊ သူတို့သည် အသိအလိမ္မာခေါင်းပါးသူများဖြစ်ကြ၏။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek