Quran with Burmese translation - Surah Al-Fath ayat 16 - الفَتح - Page - Juz 26
﴿قُل لِّلۡمُخَلَّفِينَ مِنَ ٱلۡأَعۡرَابِ سَتُدۡعَوۡنَ إِلَىٰ قَوۡمٍ أُوْلِي بَأۡسٖ شَدِيدٖ تُقَٰتِلُونَهُمۡ أَوۡ يُسۡلِمُونَۖ فَإِن تُطِيعُواْ يُؤۡتِكُمُ ٱللَّهُ أَجۡرًا حَسَنٗاۖ وَإِن تَتَوَلَّوۡاْ كَمَا تَوَلَّيۡتُم مِّن قَبۡلُ يُعَذِّبۡكُمۡ عَذَابًا أَلِيمٗا ﴾
[الفَتح: 16]
﴿قل للمخلفين من الأعراب ستدعون إلى قوم أولي بأس شديد تقاتلونهم أو﴾ [الفَتح: 16]
| Ba Sein ၁၆။ အို-တမန်တော်၊ နောက်ချန်ရစ်သောအာရဗ်ကျေးတောသားတို့အား ဤသို့ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ခွန်အားဗလကြီးမားသောအသင်းသာတို့နှင့် ကြီးကျယ်စွာပြိုင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သောစစ်ရေးရှိသေး၏၊ ထိုစစ်ရေးတွင် သင်တို့ကို ဆင့်ခေါ်ရလိမ့်မည်၊ သင်တို့သည် ထိုစစ်ရေးတွင် ရန်သူတို့လက်နက်ချသည့်တိုင်အောင် ပြိုင်ဆိုင်တိုက်ခိုက်ကြရမည်၊ ထိုအခါသင်တို့သည် အမိန့်ကို နာခံနားထောင်လျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ထွဋ်မြတ်သောအောင်ဆုမင်္ဂလာကြီးကို ပေးတော်မူအ့ံ၊ သို့သော်သင်တို့သည် အထက်က ပြုကျင့် သည့်နည်းအတိုင်း အမိန့်မနာခံ ကျောပေးသွားကြလျှင် အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းပြနာကျယ်ဖွယ် သောအပြစ်ဒဏ်ကို ခတ်တော်မူလိမ့်မည်။ |
| Hashim Tin Myint (အို-တမန်တော်)အသင်သည် နောက်ချန်နေခဲ့သည့် အရဗ်ကျေးတောသားများကို ပြောလိုက်ပါ-“မကြာမီ အသင်တို့သည် အလွန်တိုက်ခိုက်သော အမျိုးသားများနှင့် တိုက်ခိုက်ရန် ဖိတ်ခေါ်ခံကြရမည်။ အသင်တို့သည် သူတို့နှင့် တိုက်ခိုက်ကြရမည်။ သို့မဟုတ် သူတို့သည် (အစ္စလာမ်၏ အမိန့်အတိုင်း)နာခံကြရမည်။ ထို့နောက် အကယ်၍ အသင်တို့သည် အမိန့်ကို နာခံကြလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကောင်းကျိုးပေးသနားတော်မူမည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ယခင်ကမျက်နှာလွှဲခဲ့ကြသကဲ့သို့ မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် အသင်တို့ကို ပြင်းပြနာကျင်စေသောပြစ်ဒဏ်ကို ပေးတော်မူမည်။ ###၇ |