Quran with Burmese translation - Surah Al-Fath ayat 29 - الفَتح - Page - Juz 26
﴿مُّحَمَّدٞ رَّسُولُ ٱللَّهِۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلۡكُفَّارِ رُحَمَآءُ بَيۡنَهُمۡۖ تَرَىٰهُمۡ رُكَّعٗا سُجَّدٗا يَبۡتَغُونَ فَضۡلٗا مِّنَ ٱللَّهِ وَرِضۡوَٰنٗاۖ سِيمَاهُمۡ فِي وُجُوهِهِم مِّنۡ أَثَرِ ٱلسُّجُودِۚ ذَٰلِكَ مَثَلُهُمۡ فِي ٱلتَّوۡرَىٰةِۚ وَمَثَلُهُمۡ فِي ٱلۡإِنجِيلِ كَزَرۡعٍ أَخۡرَجَ شَطۡـَٔهُۥ فَـَٔازَرَهُۥ فَٱسۡتَغۡلَظَ فَٱسۡتَوَىٰ عَلَىٰ سُوقِهِۦ يُعۡجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلۡكُفَّارَۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنۡهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمَۢا ﴾
[الفَتح: 29]
﴿محمد رسول الله والذين معه أشداء على الكفار رحماء بينهم تراهم ركعا﴾ [الفَتح: 29]
Ba Sein ၂၉။ ရှင်မိုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်စစ်စစ်ဖြစ်၏၊ သူနှင့်အတူတကွနေသောသာဝကတို့သည် မိစ္ဆာဒိဋ္ဌိတို့အပေါ်၌ ခက်ထန်၍ မိမိတို့အချင်းချင်းချင်ခင်ကြင်နာကြ၏၊ အေ-တမန်တော်၊ သင်သည် ထိုသာဝက တို့အား အလ္လာဟ်အရှင်မြတ်ကို ဦးညွှတ်ချ၍ ဝတ်ပြုနေသည်ကို မြင်ရ၏၊ သို့ဝတ်ပြုလျက် သူတို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်နှင့် အားရနှစ်သက်ခြင်းရတနာတော်ကိုသာ ရှားမှီးကြ၏၊ သူတို့ကို ခွဲခြားသိနိုင်သောအမှတ်သည် ဦးညွှတ်ချသောကြောင့် သူတို့၏နဖူးတွင် ဖြစ်ပေါ်လာသည့်အမှတ်ဖြစ်၏၊ သောင်ရသ်ကျမ်းတွင်လည်း သူတို့ကို ယင်းသို့ရေးသားဖော်ပြထား၏၊ အင်ဂျီလ်ကျမ်းမှာလည်း ထိုနည်းအတူ ရေးသားပါရှိ၏၊ ထိုသူမြတ်တို့ကြီးပွားပုံကို ပမာဆိုသည်ရှိသော်လယ်ယာမြေကောင်းတွင် ကောင်းစွာစိုက်ပျိုး ထားသောကောက်ပင်နှင့်သဏ္ဍာန်တူ၏၊ ၎င်းကောက်ပင်သည် မြေမှ အညွှန့်အညှောက်ပေါက်ထွက်လာပြီးလျှင် ကြီးပြင်းခိုင်မာလာ၏၊ မြစ်ရင်းမှ အထက်သို့ အညွှန့်အညှောက်ရင့်သန်တည့်မတ်စွာထောင်တက်လာကြ၏၊ ယင်းသို့ရင့်သန်သောအားနှင့် တည့်မတ်စွာအညွန့်အညှောက်ထောင်တက်လာသည်များကို လယ်ရှင်တို့မြင်ရသော် လွန်စွာဝမ်းမြောက်ဝမ်းသာရှိ၏၊ ထို့အတူတမန်တော်မိုဟမ္မဒ်၏ သာဝကကြီးများသည် သာသနာတော်၌ တရွေ့ရွေ့ကြီးမားလာသည်ကို လယ်ရှင်ယောက်ျားနှင့်တူသောတမန်တော်သခင်မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့ယုံကြည်သူတို့ကို တစ်နေ့တခြားကြီးပွားလာစေတော်မူခြင်း အကြာင်းရင်းကား ထိုကြီးပွားလာသည်ကို မြင်ရခြင်းအားဖြင့် မိစ္ဆာဒိဋ္ဌိတို့အမျက်ဒေါသထွက်စေရန်အလို့ငှာ ဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားများသူတို့အား သူတို့၏အပြစ်များကို ခွင့်လွှတ်တော်မူ၍ အလွန်ကြီးကျယ်မွန်မြတ်သောအကျိုးကို ပေးသနားတော်မူမည်ဟု ကတိဗျာဒိတ်ခတ်နှိပ် တော်မူ၏။ |
Ghazi Mohammad Hashim မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။ ၎င်းပြင် ထို ‘မုဟမ္မဒ်’ နှင့်အတူတကွ ရှိကြကုန်သောသူတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ကြပြီး မိမိတို့အချင်းချင်း(ဆက်ဆံရာတွင်)သနားကြင်နာသူများပင် ဖြစ်ကြကုန်၏။ အသင်သည် ၎င်းတို့အား (ရံဖန်ရံခါ) ‘ရူကူအ်’ ဦးညွှတ်ကြလျက်(ရံဖန်ရံခါ) ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ (ထိုအရှင်မြတ်၏)နှစ်သက်ကျေနပ်မှုကိုလည်းကောင်း၊ ဖွေရှာဆည်းပူးလျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ ၎င်းတို့၏ အမှတ်လက္ခဏာကား’စဂျ်ဒ်ဟ်’ ပျပ်ဝပ်ဦးချခြင်းကြောင့် ၎င်းတို့၏ မျက်နှာများတွင်ထင်ပေါ်လျက် ရှိနေပေ၏။ ထိုသည်ကား ‘တောင်ရာတ်’ ကျမ်းတော်၌လာရှိသော ၎င်းတို့၏ထူးခြားချက်ပင်။ ထိုမှတစ်ပါး’အင်န်ဂျီလ်’ ကျမ်းတော်၌ လာရှိသော ၎င်းတို့၏ ထူးခြားချက်မှာကား (ဤသို့တည်း။) မျိုးစေ့နှင့်ပမာတူ၏။ ယင်းမျိုးစေ့သည် မိမိ၏ အစို့အညှောက်ကို ထွက်စေခဲ့၏။ ထို့နောက် မိမိအစို့၊အညှောက်ကို သန်စွမ်းစေခဲ့၏။ ထို့နောက် ထိုအညှောက်အစို့မှာ တုတ်ခိုင်၍လာပြီးလျှင် မိမိပင်ရိုး၊ ပင်တံ၊ ပင်စည်၊ ပင်မပေါ်၌ တည့်မတ်စွာ ထောင်တက်လာခဲ့ပေရာ လယ်သမားတို့အား အထူးနှစ်မြို့ အကြည်ဆိုက်စေခဲ့၏။ (ယင်းသို့ ဖြစ်စေတော်မူခြင်းမှာ) ထို(မုဟမ္မဒ်၏အပေါင်းအဖေါ်) တို့ဖြင့် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့အား အမျက် ဒေါသထွက်စေရန် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မှာမူကား ‘အီမာန်’ သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ ဆောက်တည်ကြကုန်သော သူတို့အား ခွင့်လွှတ် ချမ်းသာပေးတော်မူရန်နှင့် ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူရန် ကတိပေးတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint (တမန်တော်)မုဟမ်္မဒ် (ဆွ) ###၁၈ သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။ ထို့ပြင် ၎င်းနှင့်အတူရှိကြသည့်သူများသည် ကာဖိရ်များနှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ပြီး သူတို့အချင်းချင်း(ဆက်ဆံရာတွင်) သနားကြင်နာသူများပင်ဖြစ်ကြသည်။ ###၁၉ အသင်(တမန်တော်)သည် သူတို့အား ရုကူအ်ဦးညွှတ်ကြလျက်၊ စဂျ်ဒဟ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် (အရှင်မြတ်၏) ကျေနပ်နှစ်သက်မှုကို ရှာဖွေဆည်းပူးလျက်ရှိကြသည်ကိုတွေ့မြင်ရမည်။ သူတို့၏ အမှတ်သကေင်္တသည် စဂျ်ဒဟ်ဦးချခြင်းကြောင့် သူတို့၏ မျက်နှာများတွင် ထင်ပေါ်နေသည်။ ထိုအရာသည် သောင်ရာသ်ကျမ်းတွင်လာသော သူတို့၏သာဓကပင်ဖြစ်သည်။ ထို့ပြင် အင်ဂျီလ်ကျမ်းတွင်လာသည့်သာဓကကမူ- လယ်ယာတစ်ခုပမာဖြစ်သည်။ ထိုလယ်ယာသည် သူ(ထဲတွင်ရှိသည့်မျိုးစေ့များ)၏ အစို့အညှောက်ကို ထွက်စေခဲ့သည်။ ထို့နောက် သူ၏အညွန့်အညှောက်ကို သန်စွမ်းစေခဲ့သည်။ ထို့နောက် ထိုအညွန့် အညှောက်သည် တုတ်ခိုင်လာ၍ သူ၏ပင်စည်ပေါ်တွင် တည့်မတ်စွာ ထောင်တက်လာခဲ့သည့်အတွက် လယ်သမားများကို အားရကျေနပ်စေခဲ့သည်။ (ထိုသို့ဖြစ်စေတော်မူခြင်းမှာ) ထို(တမန်တော်မုဟမ္မဒ်(ဆွ)၏ အပေါင်းအဖော်)များ၏ အကြောင်းခံနှင့် ကာဖိရ်များကို အမျက်ဒေါသထွက်စေဖို့အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ သူတို့ထဲမှ အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသူများအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမားသည့်အကျိုးကို ချီးမြှင့်တော်မူမည်ဟု ကတိပြုတော်မူခဲ့သည်။ |