×

အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်း၊ အသင်တို့သည် “ကျွန်ုပ်တို့ထံ မည်သည့် သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူမျှ ရောက်မလာခဲ့ (သည့်အတွက် ကျွန်ုပ်တို့လမ်းညွှန်မှန် မရခဲ့ကြောင်း ဖြစ်သည်။) ဟု 5:19 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:19) ayat 19 in Burmese

5:19 Surah Al-Ma’idah ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 19 - المَائدة - Page - Juz 6

﴿يَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ عَلَىٰ فَتۡرَةٖ مِّنَ ٱلرُّسُلِ أَن تَقُولُواْ مَا جَآءَنَا مِنۢ بَشِيرٖ وَلَا نَذِيرٖۖ فَقَدۡ جَآءَكُم بَشِيرٞ وَنَذِيرٞۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[المَائدة: 19]

အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်း၊ အသင်တို့သည် “ကျွန်ုပ်တို့ထံ မည်သည့် သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူမျှ ရောက်မလာခဲ့ (သည့်အတွက် ကျွန်ုပ်တို့လမ်းညွှန်မှန် မရခဲ့ကြောင်း ဖြစ်သည်။) ဟု ဆင်ခြေပေးပြောဆိုကြမည်စိုး၍ အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်မျှ မရှိသည့်ကြားကာလတွင် သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှား ရှင်းလင်းတင်ပြရန် ငါအရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် သင်တို့ထံ မုချရောက်ခဲ့ပြီ။”

❮ Previous Next ❯

ترجمة: ياأهل الكتاب قد جاءكم رسولنا يبين لكم على فترة من الرسل أن, باللغة البورمية

﴿ياأهل الكتاب قد جاءكم رسولنا يبين لكم على فترة من الرسل أن﴾ [المَائدة: 19]

Ba Sein
၁၉။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ အကျွနု်ပ်ထံသို့ မင်္ဂလာရှိသောသတင်းကိုသော်လည်းကောင်း၊ မင်္ဂလာမရှိသောသတင်းကိုသော်လည်းကောင်း မေးကြားဖို့ရာ တမန်တော်တစ်ပါးမှ မရောက်လာချေ ဟု သင်တို့ မပြောနိုင်စိမ့်သောငှာ ငါ၏တမန်တော်သည် သင်တို့ထံသို့ ယခုပွင့်လာပြီ။ တမန်တော်များ အဆက်ဖြတ်ပြီးမှ ဤတမန်တော်ပွင့်လာ၏။ သူသည် သင်တို့အား အရာရာကို ရှင်းလင်းဟောကြား ၏။ ယခုမူကား ဝမ်းမြောက်ဘွယ်သတင်း၊ ကြောက်လန့်တုန်လှုပ်ဘွယ်သတင်းပေးသူ တမန်တော် သည် သင်တို့ထံသို့ရောက်လာပြီ။ အလ္လာဟ်အသျှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အို- ကျမ်းရသူအ‌ပေါင်းတို့၊ တမန်‌တော်များ အဆက်ပြတ်‌နေ‌သောကာလတွင်* ငါအရှင်မြတ်၏တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့ထံသို့ အမှန်စင်စစ် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုတမန်‌တော်သည် အသင်တို့အား (အမိန့်‌တော်များကို)ရှင်းလင်းပြသသည်။ အ‌ကြောင်းမှာ အသင်တို့သည် (ကိယာမသ်‌နေ့၌) ကျွန်ုပ်တို့ထံသို့ သတင်း‌ကောင်း‌ပေးသူနှင့် သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးမှ မ‌ရောက်လာခဲ့ပါဟု မ‌ပြောဆိုနိုင်ကြရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ယခုမူ အသင်တို့ထံသို့ သတင်း‌ကောင်း‌ပေးသူနှင့် သတိ‌ပေးနှိုး‌ဆော်သူ(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek