×

ဂျူးနှင့်ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်၏သားတော်များဖြစ်ကြပြီး ထိုအရှင် ၏အချစ်တော်များဖြစ်ကြသည်။” ဟု အခိုင်အမာ ပြောဆိုနေကြ၏။ သူတို့အား “သို့ဖြစ်လျှင် သင်တို့၏အပြစ်များအတွက် အဘယ်ကြောင့် 5:18 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:18) ayat 18 in Burmese

5:18 Surah Al-Ma’idah ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 18 - المَائدة - Page - Juz 6

﴿وَقَالَتِ ٱلۡيَهُودُ وَٱلنَّصَٰرَىٰ نَحۡنُ أَبۡنَٰٓؤُاْ ٱللَّهِ وَأَحِبَّٰٓؤُهُۥۚ قُلۡ فَلِمَ يُعَذِّبُكُم بِذُنُوبِكُمۖ بَلۡ أَنتُم بَشَرٞ مِّمَّنۡ خَلَقَۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ وَإِلَيۡهِ ٱلۡمَصِيرُ ﴾
[المَائدة: 18]

ဂျူးနှင့်ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်၏သားတော်များဖြစ်ကြပြီး ထိုအရှင် ၏အချစ်တော်များဖြစ်ကြသည်။” ဟု အခိုင်အမာ ပြောဆိုနေကြ၏။ သူတို့အား “သို့ဖြစ်လျှင် သင်တို့၏အပြစ်များအတွက် အဘယ်ကြောင့် သင်တို့ကို ပြစ်ဒဏ်စီရင်တော်မူလျက် အရေးယူတော်မူမည်ဟု မိန့်ရသနည်း။” ဟု မေးမြန်းလော့။ အမှန်မှာ သင်တို့သည် သေမျိုးဖြစ်ကြောင်း သတင်းကောင်းပါးခြင်းခံရသော လူသားများဖြစ်ပြီး အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့တို့အနက်မှ ဖြစ်သောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကိုသာ ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာအာဏာသည် အရှင်မြတ် (ပိုင်ဆိုင်တော်မူသည့်အလျောက် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာဖြစ်ပြီး ထို့ပြင် လူအပါအဝင်အရာခပ်သိမ်းတို့၏နောက်ဆုံးပန်းတိုင်မှာ ထိုအရှင်ထံသို့သာ ဖြစ်၏။

❮ Previous Next ❯

ترجمة: وقالت اليهود والنصارى نحن أبناء الله وأحباؤه قل فلم يعذبكم بذنوبكم بل, باللغة البورمية

﴿وقالت اليهود والنصارى نحن أبناء الله وأحباؤه قل فلم يعذبكم بذنوبكم بل﴾ [المَائدة: 18]

Ghazi Mohammad Hashim
၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန်တို့သည်လည်းကောင်း ငါတို့သည် အလ္လာဟ်အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်ဟူ၍ ပြောဆိုကြ၏။ (အို- နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် (လူသားများ) အနက်မှ လူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသော အရာများကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသည်။ ၎င်းပြင် (လူခပ်သိမ်းတို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။
Hashim Tin Myint
ထို့ပြင် ယဟူဒီများနှင့် နတ်စွ်ရာနီများက “ငါတို့သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်များလည်း ဖြစ်ကြသည်၊* အရှင်မြတ်၏အချစ်‌တော်များလည်း ဖြစ်ကြသည်“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အဘယ့်‌ကြောင့် အရှင်မြတ်က အသင်တို့အား အသင်တို့၏အပြစ်များ‌ကြောင့် ဒဏ်ခတ်လိုက်သနည်း။* စင်စစ်မှာမူ အသင်တို့သည်လည်း အရှင်မြတ်ဖန်ဆင်း‌တော်မူသည့်အထဲမှ လူသာမန်များပင်ဖြစ်ကြသည်။ ၎င်းပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက မိုးနှင့်‌မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ ထို့ပြင် (အားလုံး၏)ပြန်လည်‌ရောက်ရှိရာဌာနသည် အရှင်မြတ်ထံ‌တော်သို့ပင် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek