×

အရှင်မြတ်က သင်တို့အတွက် စားသုံးခြင်း မပြုကြရန် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ ဝက်သားနှင့်အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်များဖြင့် တိုင်တည်၍ စွန့်လှူလှီးသတ်သော သားကောင်များ ဖြစ်၏။ 5:3 Burmese translation

Quran info ⮕ Burmese ⮕ Surah Al-Ma’idah ⮕ (5:3) ayat 3 in Burmese

5:3 Surah Al-Ma’idah ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 3 - المَائدة - Page - Juz 6

﴿حُرِّمَتۡ عَلَيۡكُمُ ٱلۡمَيۡتَةُ وَٱلدَّمُ وَلَحۡمُ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦ وَٱلۡمُنۡخَنِقَةُ وَٱلۡمَوۡقُوذَةُ وَٱلۡمُتَرَدِّيَةُ وَٱلنَّطِيحَةُ وَمَآ أَكَلَ ٱلسَّبُعُ إِلَّا مَا ذَكَّيۡتُمۡ وَمَا ذُبِحَ عَلَى ٱلنُّصُبِ وَأَن تَسۡتَقۡسِمُواْ بِٱلۡأَزۡلَٰمِۚ ذَٰلِكُمۡ فِسۡقٌۗ ٱلۡيَوۡمَ يَئِسَ ٱلَّذِينَ كَفَرُواْ مِن دِينِكُمۡ فَلَا تَخۡشَوۡهُمۡ وَٱخۡشَوۡنِۚ ٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗاۚ فَمَنِ ٱضۡطُرَّ فِي مَخۡمَصَةٍ غَيۡرَ مُتَجَانِفٖ لِّإِثۡمٖ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴾
[المَائدة: 3]

အရှင်မြတ်က သင်တို့အတွက် စားသုံးခြင်း မပြုကြရန် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ ဝက်သားနှင့်အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်များဖြင့် တိုင်တည်၍ စွန့်လှူလှီးသတ်သော သားကောင်များ ဖြစ်၏။ လည်ညှစ်သတ်သော တိရိစ္ဆာန်များ၊ ရိုက်သတ်သည့် တိရိစ္ဆာန်များ၊ မြင့်ရာမှ ကျသေသွားသည့် တိရိစ္ဆာန်များ၊ အချင်းချင်း ဦးချိုဖြင့်ဝှေ့ခတ်တိုက်ကြ၍ သေသွားသည့် တိရိစ္ဆာန်များ၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) လှီးဖြတ်ခံရသောတိရိစ္ဆာန်များမှအပ သားရဲတိရိစ္ဆာန်များ၏ကိုက်သတ်မှုကြောင့် သေသွားသော တိရိစ္ဆာန်များ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ကြသော ရုပ်ပွားဆင်းတုများနှင့်ဘာသာရေးအယူအဆအရ) ယဇ်ပူဇော်ရန် သတ်ဖြတ်၍ ဆက်ကပ် လှူဒါန်းသော တိရိစ္ဆာန်များ၊ (ကံစမ်းမဲနှိုက်ခြင်းနှင့်အလောင်းအစားပြုခြင်း စသော) မဲမြှားဖြင့် ခွဲဝေ၍ရရှိသောဝေစုများ စသည့် ထိုအရာများသည် သင်တို့အတွက် ကောက်ကျစ်မှုနှင့်အရှင့်စည်းမျဉ်းတော်များကို ပြောင်ပြောင်တင်းတင်း အာခံဖီဆန်စေသော အခြေခံအကြောင်းရင်းပင် ဖြစ်၏။ ဤနေ့ဤအချိန်ဤကာလတွင် မယုံကြည်သူ (တို့နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သင်တို့အား တရားတော်နှင့်အညီ ဘဝဆောက်တည်ခြင်းကို တား ဆီးပိတ်ပင်ဟန့်တားနှောက်ယှက်နေခြင်းကြောင့် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူ ကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) မှ အကျိုးခံစားခွင့်ရရန် မျှော်လင့်ချက် ကင်းမဲ့နေကြပြီ။ သို့ဖြစ်၍ သူတို့ကို ကြောက်ရွံ့လျက် မရပ်တည်ကြလေနှင့်။ ငါအရှင်မြတ်ကို ကြောက်၍ ငါအရှင်၏ စည်းမျဉ်းတော်နှင့်အညီသာ ရပ်တည်ကြလော့။ ဤကာလဤအခြေအနေတွင် ငါအရှင် မြတ်သည် သင်တို့အတွက် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစစဉ်ကို လူတိုင်းစံထားသင့်သည့် အမိန့်ပညတ်ချက်များနှင့်အမှန်တရားများဖြင့် ပကတိပြည့်စုံစေတော် မူခဲ့ပြီ။ သင်တို့အပေါ် ငါအရှင်မြတ်က အခွင့်အရေးများပေးလျက် ဂုဏ်ပေးခြင်းဖြင့် အပြီးသတ်စုံလင်စေတော်မူခဲ့ပြီ။ ငါအရှင်မြတ်သည် အစ္စလာမ်မည်သော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို သင်တို့အတွက် အရှင့်သဘောတူနှစ်မြို့တော်မူသည့် ဒီန်လမ်းစဉ်အဖြစ် အတည်ပြုတော်မူခဲ့ပြီ။

❮ Previous Next ❯

ترجمة: حرمت عليكم الميتة والدم ولحم الخنـزير وما أهل لغير الله به والمنخنقة, باللغة البورمية

﴿حرمت عليكم الميتة والدم ولحم الخنـزير وما أهل لغير الله به والمنخنقة﴾ [المَائدة: 3]

Ba Sein
၃။ သင်တို့သည် အစားရဟုတားမြစ်တော်မူသော အစားအစာများမှာ အသေသား၊ သွေး၊ ဝက်သား၊ အလ္လာဟ်အသျှင်မြတ်၏နာမတော်မှတစ်ပါး အခြားနာမည်ကို အာရုံပြု၍သတ်သောတိရစ္ဆာန်၏ အသား၊ အမြင့်မှလိမ့်ကျ၍သေသောတိရစ္ဆာန်သား၊ ဦးချိုဖြင့်ခွေ့၍သေသော တိရစ္ဆာန်သား၊ မသေမီ တရားဝင်ဖြစ်အောင် သင်တို့မသတ်ဖြတ်ရဘဲ သားရဲတိရစ္ဆာန်တိုက်သော တိရစ္ဆာန်သား၊ ရုပ်ပွား ဆင်းတုများကို ပူဇော်သောယဇ်ကောင်သားတို့ဖြစ်၏။ မြှားနှိုက်၍ ကံစမ်းခြင်းတည်းဟူသော အယူဝါဒကိုလည်း တားမြစ်တော်မူ၏။ ဤအယူဝါဒသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်း၏။ ဤနေ့၌ မိစ္ဆာဒိဌိတို့သည် သင်တို့၏ ဘာသာအယူဝါဒကို ဖျက်ဆီးမှုတွင် စိတ်ပျက်လက်လျှော့ရပြီ။ ထို့ကြောင့် သူတို့ကို မကြောက်လန့်ကြလင့်။ ငါအသျှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလော့။ ဤနေ့၌ ငါသည် သင်တို့အတွက် သင်တို့၏ဘာသာအယူဝါဒကို စုံလင်စေတော်မူပြီ။ သင်တို့အပေါ်၌ ငါ၏ ကောင်းချီးမင်္ဂလာတော်သည် ပြည့်စုံပြီ။ သင်တို့အတွက် အစ္စလာမ်ကို ဘာသာအယူဝါဒအဖြစ်ဖြင့် ရွေးချယ်တော်မူပြီ။ အကြင်သူသည် စားလိုသောဆန္ဒကြောင့်မဟုတ်ဘဲ ဆာလောင်ငတ်မွတ်သိမ့် ခြင်းကြောင့် တရားမဝင်၊ အမင်္ဂလာအစားအစာကိုစားရလျှင် အလ္လာဟ်အသျှင်မြတ်သည် အမှန်ပင် အပြစ်လွှတ်တော်မူ၏။ ကောင်းချီးမင်္ဂလာပေးသနားတော်မူ၏။
Ghazi Mohammad Hashim
အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏ အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ ‘ဇဗဟ်’လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီးဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့ (စားသုံးခြင်းမပြုကြရန်) ‘ဟရာမ်’ တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ယနေ့အဖို့မှာကား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့သည် အသင်တို့၏သာသနာကို (ဖျက်ဆီးနိုင်ခြင်း) မှ မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့်အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်းမရှိဘဲ (မြစ်တားထားသောအရာများကို စားသုံးမိပါက) မချွတ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အသင်တို့အ‌ပေါ်တွင် (ယခု‌ရှေ့၌ ‌ဖော်ပြသည့်အရာများသည် မစားသုံးရန်) ဟရာမ်အဖြစ် တားမြစ်ခြင်းခံရသည်။ (အလိုအ‌လျောက်)‌သေ‌သောတိရစာ္ဆန်၊ ‌သွေး၊ ဝက်သား၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား(ကို ရည်စူး)တသ(ဇဗဟ်လုပ်)ထား‌သောတိရစာ္ဆန်၊ လည်မျိုညှစ်/လိမ်ပြီး‌သေရ‌သောတိရစာ္ဆန်၊ ရိုက်နှက်/ထိခိုက်‌သေရ‌သောတိရစာ္ဆန်၊ အမြင့်မှကျ‌သေရ‌သောတိရစာ္ဆန်၊ ဦးချိုနှင့် ‌ဝှေ့ခံရ‌သော‌ကြောင့် ‌သေရ‌သောတိရစာ္ဆန်၊ သားရဲတိရစာ္ဆန်များက ကိုက်ခဲသတ်ဖြတ်ထား‌သောတိရစာ္ဆန်၊ သို့ရာတွင် မ‌သေခင် ဇဗဟ်လှီးဖြတ်ရန်မီ‌သော တိရစာ္ဆန်များမပါဝင်‌ပေ။ ရုပ်တုများကိုပူ‌ဇော်ရန် လှီးဖြတ်ထား‌သောတိရစာ္ဆန်၊ မဲ/မြားနှင့် ကံစမ်းမဲနှိုက်ပြီး (အသား၊ ပစ္စည်း၊ ‌ငွေ စသည်များကို) ‌ဝေစုခွဲယူခြင်း*တို့သည် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ ထိုအရာများသည် ပြစ်မှုဒုစရိုက်များဖြစ်သည်။ ယ‌နေ့၌မူ ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏သာသနာ(ကို ဖျက်ဆီးနိုင်ခြင်း)မှ ‌မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်သည့်အတွက် အသင်တို့သည် သူတို့အား မစိုးရိမ်မ‌ကြောက်ရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။ ယ‌နေ့ ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဒီန်သာသနာကို ပြည့်စုံ‌စေ‌တော်မူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏‌ကျေးဇူး‌တော်များကို အသင်တို့အတွက် အပြည့်အစုံ ‌ပေးသနား‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသနာကို အသင်တို့အတွက် ဒီန်သာသနာအဖြစ် သ‌ဘောတူ‌ကျေနပ်‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့‌နောက် မည်သူမဆို ပြစ်မှုကိုလိုလားသူမဟုတ်ဘဲနှင့် ဆာ‌လောင်မွတ်သိပ်သဖြင့် မလွှဲမ‌ရှောင်သာ အကျပ်အတည်းဆိုက်‌ရောက်ခဲ့(ပြီး တားမြစ်ထားသည်များကို စားသုံးမိခဲ့)လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek