×

သူတို့က အသင် (တမန်တော်) အား (အခြားတိရိစ္ဆာန်များကို အသုံးပြု၍ အမဲလိုက်ခြင်းဖြင့် ဖမ်းဆီးရမိသော တိရိစ္ဆာန်အပါအဝင်) “အဘယ်အရာများသည် သူတို့အတွက် (စားသုံးရန်) 5:4 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:4) ayat 4 in Burmese

5:4 Surah Al-Ma’idah ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 4 - المَائدة - Page - Juz 6

﴿يَسۡـَٔلُونَكَ مَاذَآ أُحِلَّ لَهُمۡۖ قُلۡ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُ وَمَا عَلَّمۡتُم مِّنَ ٱلۡجَوَارِحِ مُكَلِّبِينَ تُعَلِّمُونَهُنَّ مِمَّا عَلَّمَكُمُ ٱللَّهُۖ فَكُلُواْ مِمَّآ أَمۡسَكۡنَ عَلَيۡكُمۡ وَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهِۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ﴾
[المَائدة: 4]

သူတို့က အသင် (တမန်တော်) အား (အခြားတိရိစ္ဆာန်များကို အသုံးပြု၍ အမဲလိုက်ခြင်းဖြင့် ဖမ်းဆီးရမိသော တိရိစ္ဆာန်အပါအဝင်) “အဘယ်အရာများသည် သူတို့အတွက် (စားသုံးရန်) တရားဝင်ခွင့်ပြုထားသောအရာများ ဖြစ်သနည်း။” ဟု မေးမြန်းကြ၏။ “သင်တို့အတွက် (ကျန်းမာရေးနှင့်ညီညွတ်ပြီး) သန့်ရှင်းစင်ကြယ်သောအရာများကို တရားဝင် ခွင့်ပြုခြင်းခံခဲ့ရပြီ။” ဟု ဟောလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မျိုးရိုးဗီဇထဲ၌ ပင်ကိုယ်စွမ်းရည်များ ထည့်ပေးတော်မူလျက်) သင်တို့အား သင်ကြားတော်မူသည့် နည်းစနစ်များကို အသုံးပြု၍ အမဲလိုက်တိရိစ္ဆာန်တို့အား သွန်သင်လေ့ကျင့်ပေးခြင်းဖြင့် ယင်းတို့က သင်တို့အတွက် ဖမ်းဆီးပေးသော တိရိစ္ဆာန်များအနက် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရ တသ၍ ဖွင့်ဟခြင်းခံခဲ့ရသော တိရိစ္ဆာန်များကိုလည်း တရားဝင် ခွင့်ပြုထားတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ပြု မူကျင့်ကြံလုပ်ဆောင်သမျှနှင့်စပ်လျဉ်း၍) မြန်မြန်ဆန်ဆန် ချက်ချင်းလက်ငင်း စာရင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: يسألونك ماذا أحل لهم قل أحل لكم الطيبات وما علمتم من الجوارح, باللغة البورمية

﴿يسألونك ماذا أحل لهم قل أحل لكم الطيبات وما علمتم من الجوارح﴾ [المَائدة: 4]

Ba Sein
၄။ အို-မိုဟမ္မဒ် သူတို့သည် သင်အား သူ့အတို့အတွက် အဘယ်အရာဝထ္ထုများသည် တရားဝင်သနည်း ဟု မေးမြန်းကြ၏။ သင်ဟောကြားလော့။ ဟယ် အချင်းတို့ ကောင်းမြတ်သန့်ရှင်းသောအရာများ သည် တရားဝင်မင်္ဂလာရှိသော အစားအစာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သွန်သင်ပြသတော်မူသောအရာကို သင်တို့သည် အမဲလိုက်ခွေးများကို သွန်သင်လေ့ကျင့်သကဲ့သို့ မိမိတို့ တိရစ္ဆာန်နှင့် ငှက်များကို အမဲလိုက်ဖမ်းခြင်းကို သွန်သင်လေ့ကျင့်ထား၏။ ထိုတိရစ္ဆာန်များ ဖမ်းဆီးပေးသောအမဲ၏အသားကိုလည်းကောင်း၊ အမဲပေါ်တွင် အလ္လာဟ်အသျှင်မြတ်၏ နာမတော်ကို ရွတ်ဖတ်ပြီးလျှင် သုံးစွဲမှီဝဲကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကြေပြွန်အောင် ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ ---အလ္လာဟ်အသျှင်မြတ်သည် စစ်ကြော စီရင်ခြင်း၌ ထက်မြတ်လျင်မြန်တော်မူ၏။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ (စားသုံးခြင်း) အလို့ငှာ မည်သည့် (တိရစ္ဆာန်များ) ကို ‘ဟလာလ်’ခွင့်ပြုထားပြီးဖြစ်ပါသနည်းဟု အသင့်အား (လာရောက်) မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အား ဤသို့) ဖြေကြားပါလေ။ “(အို- အချင်းတို့) ၊ အသင်တို့ (စားသုံးရန်) အလို့ငှာ စင်ကြယ်သန့်ရှင်းသော (တိရစ္ဆာန်) ဟူသရွေ့တို့သည်‘ဟလာလ်’ ခွင့်ပြုပြီးဖြစ်ကုန်၏။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် သင်ကြားပြသတော်မူသော နည်းနိသျှည်းအတိုင်း မိမိတို့၏ အမဲလိုက်တိရစ္ဆာန်များကို (အမဲလိုက်ရန် စည်းကမ်းများကို တတ်သိလိမ်မာအောင်) သင်ကြားပြီး လွှတ်လိုက်၍ အသင်တို့အဖို့ ဖမ်းဆီးခဲ့သော အမဲကိုလည်း အသင်တို့သည် စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည် (ထိုအမဲလိုက်တိရစ္ဆာန်ကို အမဲလိုက်ရန်အလို့ငှာ လွှတ်လိုက်သောအခါ) အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို တသကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးစောကြောတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
သူတို့သည် သူတို့အတွက် မည်သည့်အရာများကို (စားသုံးရန်)ဟလာလ် ခွင့်ပြုထားပါသနည်းဟု အသင်(တမန်‌တော့်)အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အသင်တို့(စားသုံးရန်)အတွက် သန့်ပြန့်စင်ကြယ်‌သောအရာ(တိရစာ္ဆန်)များသည် ဟလာလ်ခွင့်ပြုပြီးဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြသ‌သောနည်းအတိုင်း အသင်တို့၏အမဲလိုက်တိရစာ္ဆန်များအား သင်ကြားလွှတ်လိုက်၍ အသင်တို့အတွက် ၎င်းအမဲလိုက်တိရစာ္ဆန်များက ဖမ်းဆီးလာခဲ့သာ သား‌ကောင်ကိုလည်း* အသင်တို့ စာသုံးကြပါ။ ထို့ပြင် အသင်တို့သည် (အမဲလိုက်တိရစာ္ဆန်ကို လွှတ်လိုက်‌သောအခါ) အလ္လာဟ်အရှင်မြတ်၏ နာမ‌တော်ကို တသကြပါ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek