Quran with Burmese translation - Surah Al-Ma’idah ayat 2 - المَائدة - Page - Juz 6
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحِلُّواْ شَعَٰٓئِرَ ٱللَّهِ وَلَا ٱلشَّهۡرَ ٱلۡحَرَامَ وَلَا ٱلۡهَدۡيَ وَلَا ٱلۡقَلَٰٓئِدَ وَلَآ ءَآمِّينَ ٱلۡبَيۡتَ ٱلۡحَرَامَ يَبۡتَغُونَ فَضۡلٗا مِّن رَّبِّهِمۡ وَرِضۡوَٰنٗاۚ وَإِذَا حَلَلۡتُمۡ فَٱصۡطَادُواْۚ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ أَن صَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ أَن تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴾
[المَائدة: 2]
﴿ياأيها الذين آمنوا لا تحلوا شعائر الله ولا الشهر الحرام ولا الهدي﴾ [المَائدة: 2]
Ba Sein ၂။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမှတ်သညာကျောင်းတိုင်များ၊ လထူး-လမြတ် ပူဇော်သက္ကာရများ၊ ပန်းကုံးများ၊ အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်နှင့် နှစ်သက်မြတ်နိုးတော်မူခြင်းများကို လိုလား၍ ကအ်ဘာကျောင်းတော်သို့ ဝတ်တက်ရန်သွားသူများကို မရိုမသေ၊ မထီလေးစား ရှုံ့ချပြောဆိုခြင်းကိုမပြုကြလင့်။ သို့သော် သင်တို့သည် ထူးမြတ်လှသော အောင်မြေမှ ထွက်ခွာသွားပြီးသောအခါ အမဲလိုက်ခွင့်ရှိကြ၏။ သင်တို့အား ဘေးမဲ့ပလီကျောင်းတို့သို့ ဝတ်တက်ရန်မသွားရန်၊ လွန်လေပြီးသောအချိန်တစ်ချိန်က တားမြစ်ပိတ်ပင်ဘူးသူတို့ကို မုန်းတီးသော စိတ်သဘောက သင်တို့အား တရားကျူးလွန်အောင် သွေးမဆောင်ကြစေလင့်။ သို့သော် သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သုစရိုက်ကောင်းမှုအားထုတ်ရန်နှင့် အသျှင်မြတ်နှင့် တရားတော်ကိုကြည်ညိုရန် တိုက်တွန်းကူညီကြလော့။ သင်တို့သည် ဒုစရိုက်မကောင်းမှုနှင့် ပြစ်မှုကျူးလွန်မှုပြုလုပ်ရန်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မရိုင်းပင်းကြလင့်။ အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ခတ်တော်မူရာ၌ ပြင်းထန်တော်မူ၏။ |
Ghazi Mohammad Hashim အို- ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြသူ မုအ်မင်န်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ (သာသနာတော်၏) ထူးခြားထင်ရှားသော အထိမ်းအမှတ်တို့ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ ဟရမ်ဟူ၍ သတ်မှတ်ထားသောနယ်နိမိတ်အတွင်း ပြုလုပ်မည်ဖြစ်သော ကုရ်ဗာနီသားကောင်ကိုလည်းကောင်း၊ ကုရ်ဗာနီပြုလုပ်ရန်အတွက် လည်ပင်းတွင် လည်ဆွဲ၊ ပန်းကုံး၊ အမှတ်အသားတစ်ခုခုဆွဲထားသော ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့် နှစ်သက်မှုကို ရှာဖွေဆည်းပူးခြင်းအားဖြင့် ‘အလ်ဗိုက်သွလ်ဟရာမ်’ ထူးမြတ်သောအိမ်တော် (ဝါ) ကအ်ဗဟ်ကျောင်းတော်သို့သွားရောက်ရန် ရည်စူးကြကုန်သော သူတို့ကိုလည်းကောင်း၊ မရိုမသေမလေးမခန့် မပြုကြကုန်လင့်။ ၎င်းနောက် အသင်တို့သည် (မိမိတို့) အိဟ်ရာမ်ဝတ်ရုံကို ချွတ်ပြီးကြလေသောအခါ အမဲလိုက်ခြင်းကို (ပြုလိုက) ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ထင်ရှားသောအထိမ်းအမှတ်များ*ကို မလေးမစား မပြုကြနှင့်။ ထို့ပြင် ထွတ်မြတ်သောလများ*၊ (ထွတ်မြတ်သောနယ်နမိတ်ထဲတွင် ကုရ်ဗာနီပြုလုပ်ရမည့်)သားကောင်များ*၊ (ကုရ်ဗာနီပြုလုပ်ရန်)လည်ပင်း၌ အမှတ်အသား တစ်စုံတစ်ခု ဆွဲထားသော သားကောင်များ*နှင့် ထွတ်မြတ်သောအိမ်တော် ကအ်ဗဟ်ကျောင်းတော်သို့သွားပြီး မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့်နှစ်သက်မှုကို ရှာဖွေဆည်းပူးကြရန် ရည်ရွယ်ကြသောသူများအား မလေးမစား မပြုကြနှင့်။ ထို့နောက် အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံချွတ်ပြီးကြသောအခါ အမဲလိုက်သည်ကို (ပြုလုပ်လိုလျှင်)ပြုလုပ်ပါ။ ထို့ပြင် အသင်တို့အား ထွတ်မြတ်သောအိမ်တော်(သွားခြင်း)မှ တားဆီးပိတ်ပင်ကြသော လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့ ကျူးလွန်ဖောက်ဖျက်မှုဖြစ်အောင် လုံးဝ မလှုံ့ဆော်စေနှင့်။ ထို့ပြင် အသင်တို့သည် ကောင်းမှုပြုခြင်းနှင့် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ခြင်းအပေါ် အချင်းချင်းကူညီရိုင်းပင်းကြပါ။* သို့ရာတွင် မကောင်းမှုပြုလုပ်ရန်နှင့် မတရားကျူးကျော်ရန်အတွက် အချင်းချင်း မကူညီကြလေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ မုချ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ |