×

ထိုမျှမက အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူတို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသောအရာ၊ တောင်ရတ်ကျမ်းနှင့်အီန်ဂျီးလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်၍ မြဲမြံစွာ 5:66 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:66) ayat 66 in Burmese

5:66 Surah Al-Ma’idah ayat 66 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 66 - المَائدة - Page - Juz 6

﴿وَلَوۡ أَنَّهُمۡ أَقَامُواْ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ وَمَآ أُنزِلَ إِلَيۡهِم مِّن رَّبِّهِمۡ لَأَكَلُواْ مِن فَوۡقِهِمۡ وَمِن تَحۡتِ أَرۡجُلِهِمۚ مِّنۡهُمۡ أُمَّةٞ مُّقۡتَصِدَةٞۖ وَكَثِيرٞ مِّنۡهُمۡ سَآءَ مَا يَعۡمَلُونَ ﴾
[المَائدة: 66]

ထိုမျှမက အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူတို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသောအရာ၊ တောင်ရတ်ကျမ်းနှင့်အီန်ဂျီးလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်၍ မြဲမြံစွာ ရပ်တည်ကြလျှင် သူတို့၏အထက်မှနှင့်သူတို့၏ခြေများအောက်မှ (မြေပေါ်မြေအောက်သယံဇာတများနှင့်စားသောက်ဖွယ်ရာများကို သမာအာဇီဝနည်းဖြင့် ရှာဖွေ၍) မုချပင်၊ စားသုံးကြလိမ့်မည်။ သူတို့ထဲတွင် အစွန်းမရောက်ဘဲ အလယ်အလတ်လမ်းစဉ်ကို လိုက်နာကြသော လူ့အသိုင်းအဝိုင်းတစ်ခုရှိနေသော်လည်း သူတို့ထဲမှ အများစုမှာမူ မကောင်းမှုကိုသာ ပြုမူကျင့်ကြံကြ၏။

❮ Previous Next ❯

ترجمة: ولو أنهم أقاموا التوراة والإنجيل وما أنـزل إليهم من ربهم لأكلوا من, باللغة البورمية

﴿ولو أنهم أقاموا التوراة والإنجيل وما أنـزل إليهم من ربهم لأكلوا من﴾ [المَائدة: 66]

Ba Sein
၆၆။ အကယ်၍ သူတို့သည် တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်နှင့် သူတို့အား ၎င်းတို့၏ အသျှင်သခင် ပေးသနားတော်မူသည့် ပညတ်တရားတော်များကို လိုက်နာဆောင်ရွက်ကြလျှင် သူတို့သည် မိမိတို့အထက် ကောင်းကင်ဘုံမှသော်လည်းကောင်း၊ မိမိတို့ခြေများအောက် ကမ္ဘာမြေကြီးမှသော်လည်းကောင်း၊ စားနပ်ရိက္ခာများ မုချဧကန်ရရှိကြလိမ့်မည်။ သူတို့အနက် မယုတ်မလွန် အယူညီမျှသူများလည်း ရှိကြ၏။ သို့သော် ၎င်းတို့မှ အများအပြားသောသူတို့သည် အကျင့်ဆိုးကြ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် တောင်ရာတ်၊ အီန်ဂျီလ်ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော်မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာသော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုပါ အတည်ပြုလိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည် မိမိတို့အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်သောလူတစ်စုသည် (လည်း) ရှိကြပေသည်။ သို့ရာတွင် ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။ (ရကူ)
Hashim Tin Myint
ထို့ပြင် အကယ်၍ သူတို့သည် ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်)ကျမ်း‌တော်မြတ်ကို အတည်ပြုလိုက်နာကြလျှင် အမှန်စင်စစ် သူတို့သည် သူတို့၏အထက်မှလည်း‌ကောင်း၊ သူတို့၏‌ခြေများ‌အောက်မှလည်း‌ကောင်း* စားသုံးကြရလိမ့်မည်။ သူတို့ထဲတွင် မှန်ကန်‌သောလမ်းကို လိုက်‌သော လူတစ်စုရှိသည်။* ၎င်းပြင် သူတို့ထဲမှ များစွာ‌သောသူများ၏ လုပ်ရပ်များမှာမူ ဆိုးဝါးလှသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek