×

အို၊ (အရှင့်သတင်းစကားတော်ကို လူသားထံသို့ အရောက်ပို့ဆောင်ရန် တာဝန်ပေးခံရသော) ရစူလ်တမန်တော်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသမျှ 5:67 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:67) ayat 67 in Burmese

5:67 Surah Al-Ma’idah ayat 67 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 67 - المَائدة - Page - Juz 6

﴿۞ يَٰٓأَيُّهَا ٱلرَّسُولُ بَلِّغۡ مَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَۖ وَإِن لَّمۡ تَفۡعَلۡ فَمَا بَلَّغۡتَ رِسَالَتَهُۥۚ وَٱللَّهُ يَعۡصِمُكَ مِنَ ٱلنَّاسِۗ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ﴾
[المَائدة: 67]

အို၊ (အရှင့်သတင်းစကားတော်ကို လူသားထံသို့ အရောက်ပို့ဆောင်ရန် တာဝန်ပေးခံရသော) ရစူလ်တမန်တော်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသမျှ (အရှင့်အမိန့်ပညတ်ချက်အားလုံး) ကို (လူသားထံ) အသိပေး ပို့ဆောင်ပေးလော့။ အကယ်၍ ထိုအရှင့်သတင်းစကားတော်ကို (လူသားထံသို့အရောက်) မပို့ဆောင်လျင် တာဝန်ပေးသည့်အတိုင်း ကျေပွန်စွာ ပို့ဆောင်ပေးရာ မရောက်ပေ (မမည်ပေ)။ ထို့ပြင် (တာဝန်ကျေပွန်လျှင်) အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူသားတို့ထံမှ (ဖြစ်သော ဘေးရန်အလုံးစုံကို ထိန်းချုပ်တော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သော) လူမျိုးတို့အား လမ်းညွှန်တော်မူလိမ့်မည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ياأيها الرسول بلغ ما أنـزل إليك من ربك وإن لم تفعل فما, باللغة البورمية

﴿ياأيها الرسول بلغ ما أنـزل إليك من ربك وإن لم تفعل فما﴾ [المَائدة: 67]

Ba Sein
၆၇။ အို-တမန်တော် သင်တို့သည် မိမိထံသို့ မိမိ၏အသျှင်သခင် ချပေးသနားတော်မူသော ဗျာဒိတ်တော် ကို လူသိရှင်ကြား ကြေညာလော့။ အကယ်၍ သင်သည် ယင်းကဲ့သို့ မပြုလုပ်လျှင် သင်သည် အသျှင်မြတ်၏ တရားဒေသနာတော်ဟောကြားရမည့် တာဝန်ဝတ္တရား ပျက်ကွက်ပေလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သင့်ကို လူသားတို့၏ဘေးရန်မှ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် မယုံကြည်သူ မိစ္တာဒိဌိတို့ကို ညွှန်ပြတော်မမူပေ။
Ghazi Mohammad Hashim
အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။
Hashim Tin Myint
(အို- တမန်‌တော်)အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ အသင်၏ထံသို့ ကျ‌ရောက်လာ‌သောအရာ(တရား‌တော်များ)ကို ပို့ချပါ။* အကယ်၍ အသင်သည် (ပို့ချမှု)မပြုခဲ့လျှင် အသင်သည် တမန်‌တော်ဖြစ်ပြီး တာဝန်ကို ‌ကျေပွန်ခြင်းမရှိ‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူများ(၏ ‌ဘေးအန္တရာယ်)မှ ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများကို (အသင်တို့အား ဖျက်ဆီးရန်)လမ်းပြ‌တော်မူမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek