Quran with Burmese translation - Surah Al-Ma’idah ayat 70 - المَائدة - Page - Juz 6
﴿لَقَدۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ وَأَرۡسَلۡنَآ إِلَيۡهِمۡ رُسُلٗاۖ كُلَّمَا جَآءَهُمۡ رَسُولُۢ بِمَا لَا تَهۡوَىٰٓ أَنفُسُهُمۡ فَرِيقٗا كَذَّبُواْ وَفَرِيقٗا يَقۡتُلُونَ ﴾
[المَائدة: 70]
﴿لقد أخذنا ميثاق بني إسرائيل وأرسلنا إليهم رسلا كلما جاءهم رسول بما﴾ [المَائدة: 70]
Ba Sein ၇ဝ။ ငါအသျှင်မြတ်သည် ရှေးအခါက အစ္စရာအီလ်အမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ၏။ ငါသည် သူတို့ထံသို့ တမန်တော်များစေလွှတ်တော်မူ၏။ သူတို့မနှစ်သက်သော ကျင့်စဉ်တရားဥပဒေကို တမန်တော်တစ်ပါး ယူဆောင်လာလျှင်လာခြင်း သူတို့သည် ထောင်ထားခြားနားကြ၏။ အချို့ တမန်တော်များကို သူတို့လက်မခံ ငြင်းဆန်ကြ၏။ အချို့တမန်တော်များကို သူတို့ သတ်ဖြတ်ပစ် ကြ၏။ |
Ghazi Mohammad Hashim ဧကန်မုချ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့ (များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါးသည် ထိုသူတို့မကြိုက်မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော် ထိုသူတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို မုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံမှ ကတိဝန်ခံချက်ယူတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်တော်များ(အမြောက်အမြား)စေလွှတ်တော်မူခဲ့သည်။ မည်သည့်အခါမဆို သူတို့ထံသို့ တမန်တော်တစ်ပါးပါးသည် သူတို့မကြိုက်သော အမိန့်ပညတ်ချက်များကို ယူဆောင်လာခဲ့လျှင်၊ သူတို့သည် အချို့(တမန်တော်များ)အား လူလိမ်များဟု ပြောဆိုငြင်းပယ်ခဲ့ကြပြီး အချို့(တမန်တော်များ)အား သတ်ဖြတ်လိုက်ခဲ့ကြသည်။ |